အင္အားျပင္း ဒိုရီယန္ ဟာရီကိန္းမုန္တိုင္း အေမရိကန္ကို ဦးတည္

0
48

အင္အားျပင္း ဒိုရီယန္ ဟာရီကိန္း မုန္တိုင္းဟာ စက္တင္ဘာလ ၃ ရက္ေန႔က အေမရိကန္ႏိုင္ငံ ေတာင္ပိုင္းေဒသကို ဦးတည္ဖြယ္ရွိတယ္လို႔ မိုးေလဝသဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။ 

မုန္တိုင္းဟာ စက္တင္ဘာလ ၂ ရက္ေန႔က ဘာဟားမားႏိုင္ငံကို တိုက္ခတ္ခဲ့ရာ အနည္းဆံုး လူငါးဦး ေသဆံုးသြားခဲ့တယ္လို႔ ဘာဟားမား ဝန္ႀကီးခ်ဳပ္ ဟူးဘတ္ မင္းနစ္က ေျပာပါတယ္။ မုန္တိုင္းလမ္းေၾကာင္းမွာ ရွိေနတဲ့ ဖေလာ္ရီဒါျပည္နယ္၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ ကယ္လီဖိုးနီးယား ေတာင္ပိုင္းျပည္နယ္က လူေပါင္း တစ္သန္းေက်ာ္ကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးထားရတယ္လို႔ အေမရိကန္အာဏာပိုင္ေတြက ေျပာပါတယ္။ 

ဘဟားမားကို မုန္တိုင္းတိုက္ခတ္ခ်ိန္မွာ တစ္နာရီ ေလတိုင္းႏႈန္း ၂၄၀ ကီလိုမီတာရွိေပမယ့္ အေမရိကန္ကို မုန္တိုင္း ဝင္ေရာက္ တိုက္ခတ္ခ်ိန္မွာ အားေပ်ာ့ႏိုင္ေၾကာင္း၊ မုန္တိုင္းဟာ ဖေလာ္ရီဒါကို ဦးတည္ေနၿပီး တစ္နာရီ ေလတိုက္ႏႈန္း ၁၇၀ ကီလိုမီတာ ရွိႏိုင္ေၾကာင္း အေမရိကန္ မိုးေလဝသဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

အင်အားပြင်း ဒိုရီယန် ဟာရီကိန်းမုန်တိုင်း အမေရိကန်ကို ဦးတည်


အင်အားပြင်း ဒိုရီယန် ဟာရီကိန်း မုန်တိုင်းဟာ စက်တင်ဘာလ ၃ ရက်နေ့က အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသကို ဦးတည်ဖွယ်ရှိတယ်လို့ မိုးလေဝသဌာန တာဝန်ရှိသူတွေက ပြောပါတယ်။


မုန်တိုင်းဟာ စက်တင်ဘာလ ၂ ရက်နေ့က ဘာဟားမားနိုင်ငံကို တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးသွားခဲ့တယ်လို့ ဘာဟားမား ဝန်ကြီးချုပ် ဟူးဘတ် မင်းနစ်က ပြောပါတယ်။ မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ ကယ်လီဖိုးနီးယား တောင်ပိုင်းပြည်နယ်က လူပေါင်း တစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။


ဘဟားမားကို မုန်တိုင်းတိုက်ခတ်ချိန်မှာ တစ်နာရီ လေတိုင်းနှုန်း ၂၄၀ ကီလိုမီတာရှိပေမယ့် အမေရိကန်ကို မုန်တိုင်း ဝင်ရောက် တိုက်ခတ်ချိန်မှာ အားပျော့နိုင်ကြောင်း၊ မုန်တိုင်းဟာ ဖလော်ရီဒါကို ဦးတည်နေပြီး တစ်နာရီ လေတိုက်နှုန်း ၁၇၀ ကီလိုမီတာ ရှိနိုင်ကြောင်း အမေရိကန် မိုးလေဝသဌာန တာဝန်ရှိသူတွေက ပြောပါတယ်။