အင္အားျပင္းမုန္တုိင္းေၾကာင့္ ဘဟားမားႏုိင္ငံမွာ လူေပါင္း ၂၅၀၀ ေက်ာ္ေပ်ာက္ဆံုးေန

0
33

အင္အားျပင္းမုန္ုတိုင္း တုိက္ခတ္မႈ သီတင္းပတ္ တစ္ပတ္ေက်ာ္ ၾကာျမင့္သြားၿပီျဖစ္ေပမယ့္္္္္္္္္္္္္္္္္ လူေပါင္း ၂၅၀၀ ေက်ာ္ ေပ်ာက္ဆံုးေနဆဲျဖစ္ေၾကာင္း ဘဟားမား ႏုိင္ငံ ၀န္ႀကီးခ်ဳပ္ ဟူဘတ္ မင္နစ္က  ေျပာဆုိလုိက္ပါတယ္။  

ဟာရီကိန္း မုန္တုိင္း ဒိုရီယန္ ဟာ စက္တင္ဘာ ၁ ရက္ က ဘဟားမားႏုိင္ငံကို တစ္နာရီ ေလတုိက္ႏႈန္း ၁၈၅ မိုင္ ႏႈန္းနဲ႔တုိက္ခတ္ခဲ့ၿပီး မုန္တုိင္းေၾကာင့္ ေသဆံုးသူျမင့္တက္ခဲ့ကာ အနည္းဆံုး ၅၀ ဦးေသဆံုးထားတယ္လို႔ ၀န္ႀကီးခ်ဳပ္ မင္နစ္က ဆုိပါတယ္။ ေသဆံုးသူ အေရအတြက္က ဆက္လက္ျမင့္ တက္ႏုိင္ၿပီး လက္ရွိအခ်ိန္အထိ လူအမ်ားအျပားေပ်ာက္ဆံုးေနတယ္လို႔ ၀န္ႀကီးမင္နစ္က ဒီေန႔နံနက္ပိုင္းမွာ ႏုိင္ငံပိုင္ရုပ္သံက ထုတ္ေဖာ္ေျပာဆုိသြားပါတယ္။  

ေပ်ာက္ဆံုးေနသူေတြကို ကယ္ဆယ္ေရး စခန္းနဲ႔ အျခားေနရာေတြ မွာ ဆက္လက္ရွာေဖြေနတယ္လို႔ ဘဟားမား ကယ္ဆယ္ေရး  အဖြဲ႔ေတြက ေျပာပါတယ္။ မုန္တုိင္းေၾကာင့္ ဘဟားမားႏုိင္ငံ အဲဘက္ကို ၿမိဳ႕မွာ အိမ္ နဲ႔ အေဆာက္အဦး ေပါင္း ၉၀ ပ်က္စီးသြားခဲ့တယ္လို႔ ဘဟားမား အာဏာပိုင္ေတြက ဆုိပါတယ္။ 

အင်အားပြင်းမုန်တိုင်းကြောင့် ဘဟားမားနိုင်ငံမှာ လူပေါင်း ၂၅၀ဝ ကျော်ပျောက်ဆုံးနေ

အင်အားပြင်းမုန်ုတိုင်း တိုက်ခတ်မှု သီတင်းပတ် တစ်ပတ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် လူပေါင်း ၂၅၀ဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘဟားမား နိုင်ငံ ဝန်ကြီးချုပ် ဟူဘတ် မင်နစ်က ပြောဆိုလိုက်ပါတယ်။

ဟာရီကိန်း မုန်တိုင်း ဒိုရီယန် ဟာ စက်တင်ဘာ ၁ ရက် က ဘဟားမားနိုင်ငံကို တစ်နာရီ လေတိုက်နှုန်း ၁၈၅ မိုင် နှုန်းနဲ့တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် သေဆုံးသူမြင့်တက်ခဲ့ကာ အနည်းဆုံး ၅၀ ဦးသေဆုံးထားတယ်လို့ ဝန်ကြီးချုပ် မင်နစ်က ဆိုပါတယ်။ သေဆုံးသူ အရေအတွက်က ဆက်လက်မြင့် တက်နိုင်ပြီး လက်ရှိအချိန်အထိ လူအများအပြားပျောက်ဆုံးနေတယ်လို့ ဝန်ကြီးမင်နစ်က ဒီနေ့နံနက်ပိုင်းမှာ နိုင်ငံပိုင်ရုပ်သံက ထုတ်ဖော်ပြောဆိုသွားပါတယ်။

ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေး စခန်းနဲ့ အခြားနေရာတွေ မှာ ဆက်လက်ရှာဖွေနေတယ်လို့ ဘဟားမား ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ဘဟားမားနိုင်ငံ အဲဘက်ကို မြို့မှာ အိမ် နဲ့ အဆောက်အဦး ပေါင်း ၉၀ ပျက်စီးသွားခဲ့တယ်လို့ ဘဟားမား အာဏာပိုင်တွေက ဆိုပါတယ်။