အင္အားျပင္းမုန္တုိင္းေၾကာင့္ ဂ်ပန္မွာ ကမာၻ႔ ရက္ဂဘီ ပြဲစဥ္ ႏွစ္ခု ဖ်က္သိမ္း

0
48

ျပင္းထန္တဲ့ တိုင္ဖြန္းမုန္တိုင္းရဲ့ ျဖစ္နိုင္ေျခရွိတဲ့ အက်ိဳးဆက္ေတြေၾကာင့္ ေအာက္တိုဘာလ ၁၂ ရက္ေန႔က်ရင္ ဂ်ပန္မွာ က်င္းပမယ့္ ရပ္ဂ္ဘီ ကမာၻ႔ဖလားပြဲ အုပ္စုပတ္လည္ပြဲစဥ္ ႏွစ္ခုကို ဖ်က္သိမ္းမယ္လို႔ စီစဥ္သူေတြက ေၾကညာခဲ့ပါတယ္။

ၿပိဳင္ပြဲစီစဥ္က်င္းပေရး ေကာ္မတီနဲ႔ ရပ္ဂ္ဘီ အားကစားႀကီးၾကပ္ေရး အဖြဲ႕အစည္းျဖစ္တဲ့ World Rugby တို႔က အဲဒီဆုံးျဖတ္ခ်က္ကို ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အိုင္ခ်ိ ခ႐ိုင္၊ တိုယိုတာၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ထားခဲ့တဲ့ နယူးဇီလန္နဲ႔ အီတလီပြဲ၊ ယိုကိုဟားမားၿမိဳ႕မွာ က်င္းပမယ့္ အဂၤလန္နဲ႔ ျပင္သစ္ပြဲ ႏွစ္ပြဲစလုံးကို ဖ်က္သိမ္းလိုက္ပါတယ္။

ရပ္ဂ္ဘီ ကမာၻ႔ဖလားပြဲမွာ မကစားျဖစ္တဲ့ အုပ္စုပြဲစဥ္ကို ရက္ေရႊ႕ေျပာင္း က်င္းပမွာ မဟုတ္ဘဲ အမွတ္မရွိ သေရက်တယ္လို႔ သတ္မွတ္မွာ ျဖစ္ေၾကာင္း စည္းမ်ဥ္းခ်မွတ္ထားပါတယ္။ ရပ္ဂ္ဘီ ကမာၻ႔ဖလားပြဲ သမိုင္းမွာ အခုလို ပြဲဖ်က္သိမ္းတာဟာ ပထမဦးဆုံးအႀကိမ္ ျဖစ္ပါတယ္။

အင်အားပြင်းမုန်တိုင်းကြောင့် ဂျပန်မှာ ကမ္ဘာ့ ရက်ဂဘီ ပွဲစဉ် နှစ်ခု ဖျက်သိမ်း

ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တွေကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့ကျရင် ဂျပန်မှာ ကျင်းပမယ့် ရပ်ဂ်ဘီ ကမ္ဘာ့ဖလားပွဲ အုပ်စုပတ်လည်ပွဲစဉ် နှစ်ခုကို ဖျက်သိမ်းမယ်လို့ စီစဉ်သူတွေက ကြေညာခဲ့ပါတယ်။

ပြိုင်ပွဲစီစဉ်ကျင်းပရေး ကော်မတီနဲ့ ရပ်ဂ်ဘီ အားကစားကြီးကြပ်ရေး အဖွဲ့အစည်းဖြစ်တဲ့ World Rugby တို့က အဲဒီဆုံးဖြတ်ချက်ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အိုင်ချိ ခရိုင်၊ တိုယိုတာမြို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ နယူးဇီလန်နဲ့ အီတလီပွဲ၊ ယိုကိုဟားမားမြို့မှာ ကျင်းပမယ့် အင်္ဂလန်နဲ့ ပြင်သစ်ပွဲ နှစ်ပွဲစလုံးကို ဖျက်သိမ်းလိုက်ပါတယ်။

ရပ်ဂ်ဘီ ကမ္ဘာ့ဖလားပွဲမှာ မကစားဖြစ်တဲ့ အုပ်စုပွဲစဉ်ကို ရက်ရွှေ့ပြောင်း ကျင်းပမှာ မဟုတ်ဘဲ အမှတ်မရှိ သရေကျတယ်လို့ သတ်မှတ်မှာ ဖြစ်ကြောင်း စည်းမျဉ်းချမှတ်ထားပါတယ်။ ရပ်ဂ်ဘီ ကမ္ဘာ့ဖလားပွဲ သမိုင်းမှာ အခုလို ပွဲဖျက်သိမ်းတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။