အင္ဖာ ေလဆိပ္မွာ အိႏၵိယ မွတ္ပံုတင္အတု ကိုင္ေဆာင္ထားသူ ေျခာက္ဦး ဖမ္းမိ

0
55

အိႏၵိယႏိုင္ငံ၊ အင္ဖာ ေလဆိပ္မွာ အိႏၵိယႏိုင္ငံသားကတ္ အတု ကိုင္ေဆာင္ထားတဲ့ မြတ္စလင္ ေျခာက္ဦးကို အင္ဖာရဲေတြက ၾသဂုတ္လ ၁၀ ရက္ေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။ ဖမ္းဆီးခံရတဲ့ မြတ္စလင္ေတြက သူတို႔ဟာ ျမန္မာႏိုင္ငံက လာတဲ့ ဘဂၤါလီေတြလို႔ ထြက္ဆိုၾကပါတယ္။

စစ္ေဆးေမးျမန္းခ်က္ေတြအရ ဖမ္းမိသူေတြဟာ မႏၱေလးက ရာဇာလင္း (၂၇ ႏွစ္)၊ ၿမိတ္ၿမိဳ႕က မင္းမင္းဦး (၂၉ ႏွစ္)၊ စိုးကိုကို (၂၃ ႏွစ္)၊ ညီညီစိုး (၂၅ ႏွစ္)၊ ပ်ဥ္းမနားက မိုးဆက္ႏိုင္ (၂၇ ႏွစ္) နဲ႔ ရန္ကုန္က ေဇာ္မင္းသန္း (၂၄ ႏွစ္) တို႔ ျဖစ္ၾကပါတယ္။ 

သူတို႔ဟာ ေဒလီၿမိဳ႕ရွိ အစၥလာမ္ မက္ဒရက္ဆာ သင္တန္းေတြမွာ တက္ဖို႔ ေဖာင္လက္ခံရရွိခဲ့ၿပီး မဏိပူရကို ေရာက္ရွိလာေၾကာင္း၊ အိႏၵိယႏိုင္ငံသား ကတ္အတုေတြကို မဏိပူရက ေအးဂ်င့္က ျပဳလုပ္ေပးခဲ့ေၾကာင္း မဏိပူ ရဲခ်ဳပ္ သမ္သင္း နာရွန္ဗာက ၾသဂုတ္လ ၁၂ ရက္ေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အင်ဖာ လေဆိပ်မှာ အိန္ဒိယ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူ ခြောက်ဦး ဖမ်းမိ


အိန္ဒိယနိုင်ငံ၊ အင်ဖာ လေဆိပ်မှာ အိန္ဒိယနိုင်ငံသားကတ် အတု ကိုင်ဆောင်ထားတဲ့ မွတ်စလင် ခြောက်ဦးကို အင်ဖာရဲတွေက သြဂုတ်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ မွတ်စလင်တွေက သူတို့ဟာ မြန်မာနိုင်ငံက လာတာလို့ ထွက်ဆိုကြပါတယ်။


စစ်ဆေးမေးမြန်းချက်တွေအရ ဖမ်းမိသူတွေဟာ မန္တလေးက ရာဇာလင်း (၂၇ နှစ်)၊ မြိတ်မြို့က မင်းမင်းဦး (၂၉ နှစ်)၊ စိုးကိုကို (၂၃ နှစ်)၊ ညီညီစိုး (၂၅ နှစ်)၊ ပျဉ်းမနားက မိုးဆက်နိုင် (၂၇ နှစ်) နဲ့ ရန်ကုန်က ဇော်မင်းသန်း (၂၄ နှစ်) တို့ ဖြစ်ကြပါတယ်။


သူတို့ဟာ ဒေလီမြို့ရှိ အစ္စလာမ် မက်ဒရက်ဆာ သင်တန်းတွေမှာ တက်ဖို့ ဖောင်လက်ခံရရှိခဲ့ပြီး မဏိပူရကို ရောက်ရှိလာကြောင်း၊ အိန္ဒိယနိုင်ငံသား ကတ်အတုတွေကို မဏိပူရက အေးဂျင့်က ပြုလုပ်ပေးခဲ့ကြောင်း မဏိပူ ရဲချုပ် သမ်သင်း နာရှန်ဗာက သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။