အင္ဒိုနီးရွား ေဘာ္နီယိုကၽြန္းမွာ ေက်ာင္းေတြ ပိတ္ထားရ

0
35

ေလထုအရည္အေသြး မေကာင္းမြန္တဲ့အတြက္ အင္ဒိုနီးရွားႏိုင္ငံ ေဘာ္နီယိုကၽြန္းရွိ စာသင္ေက်ာင္းေတြကို သီတင္းပတ္ တစ္ပတ္ၾကာ ပိတ္ထားရဖြယ္ရွိတယ္လို႔ အင္ဒိုနီးရွား ေဒသခံ အစိုးရက ဆုိပါတယ္။

ေဘာ္နီယိုကၽြန္းမွာ ေတာမီးေလာင္ကၽြမ္းမႈကေန မီးခုိးအမ်ားျပား ထြက္ေပၚေနျပီးေကာင္းကင္မွာ မီးခုိးေတြ အုပ္ဆုိင္းေနျပီး ေလထုအရည္ေသြးက က်န္းမာေရးကိုမ်ားစြာ ဆုိးက်ိဳးျဖစ္ေစတယ္လို႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက ဆုိပါတယ္။  

လက္ရွိအေျခေနဟာ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း အဆုိးဆံုးအေျခေနျဖစ္ျပီး ေလထုအရည္အေသြး အဆုိးဆံုး ရွိေနတယ္လို႔အင္ဒိုနီးရွား ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။ ေတာမီး ေလာင္ကၽြမ္းမႈက ျဖစ္ေပၚတဲ့ မီးခုိးေငြ႔ ေတြဟာ ေဘာ္နီယိုကၽြန္းနဲ႔ နယ္နမိတ္ခ်င္းထိေနတဲ့ မေလးရွား ႏုိင္ငံဘက္ကို လည္းေရာက္ရွိခဲ့ျပီး ေကာင္းကင္မွာ မီးခုိးေငြ႔ အုပ္ဆုိင္းမႈ နဲ႔ ေလထုညစ္ညမ္းေတြေၾကာင့္ မေလးရွား မွာ စာသင္ေက်ာင္း အခ်ိဳ႕ ပိတ္ထားရဆဲျဖစ္ပါတယ္။

အင်ဒိုနီးရှား ဘော်နီယိုကျွန်းမှာ ကျောင်းတွေ ပိတ်ထားရ


လေထုအရည်အသွေး မကောင်းမွန်တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ စာသင်ကျောင်းတွေကို သီတင်းပတ် တစ်ပတ်ကြာ ပိတ်ထားရဖွယ်ရှိတယ်လို့ အင်ဒိုနီးရှား ဒေသခံ အစိုးရက ဆိုပါတယ်။


ဘော်နီယိုကျွန်းမှာ တောမီးလောင်ကျွမ်းမှုကနေ မီးခိုးအများပြား ထွက်ပေါ်နေပြီးကောင်းကင်မှာ မီးခိုးတွေ အုပ်ဆိုင်းနေပြီး လေထုအရည်သွေးက ကျန်းမာရေးကိုများစွာ ဆိုးကျိုးဖြစ်စေတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဆိုပါတယ်။


လက်ရှိအခြေနေဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအခြေနေဖြစ်ပြီး လေထုအရည်အသွေး အဆိုးဆုံး ရှိနေတယ်လို့အင်ဒိုနီးရှား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တောမီး လောင်ကျွမ်းမှုက ဖြစ်ပေါ်တဲ့ မီးခိုးငွေ့ တွေဟာ ဘော်နီယိုကျွန်းနဲ့ နယ်နမိတ်ချင်းထိနေတဲ့ မလေးရှား နိုင်ငံဘက်ကို လည်းရောက်ရှိခဲ့ပြီး ကောင်းကင်မှာ မီးခိုးငွေ့ အုပ်ဆိုင်းမှု နဲ့ လေထုညစ်ညမ်းတွေကြောင့် မလေးရှား မှာ စာသင်ကျောင်း အချို့ ပိတ်ထားရဆဲဖြစ်ပါတယ်။