အင္ဒိုနီးရွား ယာဥ္တိုက္မႈ ၁၂ ဦး ေသဆံုး

0
133

အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕ အေရွ႕ပိုင္းမွာ ဇြန္လ ၁၇ ရက္ေန႔က ယာဥ္မေတာ္တဆမႈ ျဖစ္ၿပီး လူ ၁၂ ဦး ေသဆံုးသြားပါတယ္။

ဘတ္စ္ကားတစ္ဦး၊ ထရပ္ကားတစ္စီးနဲ႔ ဗန္ကားေတြ ဆင့္တိုက္မိတာျဖစ္ေၾကာင္း အေနာက္ ဂ်ာဗား ယာဥ္ထိန္းရဲ အႀကီးအကဲ ဆူဆဝါတီက ေျပာပါတယ္။ ဘတ္စ္ကားတစ္စီးက ႐ုတ္တရက္ မ်က္ႏွာခ်င္းဆိုင္ လမ္းေၾကာကို ေရာက္ရွိၿပီး အရွိန္နဲ႔ ေမာင္းလာတဲ့ ထရပ္ကား၊ ဗန္ကားေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ၾကတာ ျဖစ္ပါတယ္။

ယာဥ္တိုက္မႈေတြေၾကာင့္ ႏွစ္ဦး ဒဏ္ရာအျပင္းအထန္ရၿပီး တျခား ၁၀ ဦးလည္း ဒဏ္ရာအနည္းငယ္ ရရွိခဲ့ပါတယ္။ ယာဥ္တိုက္မႈ ျဖစ္ရတဲ့အေၾကာင္းရင္းကို ရဲက စစ္ေဆးေနဆဲ ျဖစ္ပါတယ္။   

အင်ဒိုနီးရှား ယာဉ်တိုက်မှု ၁၂ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အရှေ့ပိုင်းမှာ ဇွန်လ ၁၇ ရက်နေ့က ယာဉ်မတော်တဆမှု ဖြစ်ပြီး လူ ၁၂ ဦး သေဆုံးသွားပါတယ်။

ဘတ်စ်ကားတစ်ဦး၊ ထရပ်ကားတစ်စီးနဲ့ ဗန်ကားတွေ ဆင့်တိုက်မိတာဖြစ်ကြောင်း အနောက် ဂျာဗား ယာဉ်ထိန်းရဲ အကြီးအကဲ ဆူဆဝါတီက ပြောပါတယ်။ ဘတ်စ်ကားတစ်စီးက ရုတ်တရက် မျက်နှာချင်းဆိုင် လမ်းကြောကို ရောက်ရှိပြီး အရှိန်နဲ့ မောင်းလာတဲ့ ထရပ်ကား၊ ဗန်ကားတွေနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုတွေကြောင့် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး တခြား ၁၀ ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။ ယာဉ်တိုက်မှု ဖြစ်ရတဲ့အကြောင်းရင်းကို ရဲက စစ်ဆေးနေဆဲ ဖြစ်ပါတယ်။