အင်ဒိုနီးရှားနိုင်ငံက ရေကန် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ပျက်စီး

0
238

အင်ဒိုနီးရှားနိုင်ငံက တိုဘာလို့အမည်ရတဲ့ ရေကန်ဟာ ထိန်းချုပ်မှုမရှိတဲ့ ငါးလုပ်ငန်း၊ ညစ်ညမ်းမှုများပြားလာခြင်းနဲ့ သစ်ထုတ်လုပ် ငန်းတွေကြောင့် ပျက်စီး သွားခဲ့ရပါတယ်။ အင်ဒိုနီးရှားဓါတ်ပုံဆရာ ဘင်ဆာဘတ်ခ်ကာရာက သူ့ရဲ့မွေးရပ်မြေကို ပြန်သွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

14590445_10209776641325114_8366224225846468872_n

ယခုနှစ်အစောပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးရေကန်တိုဘာမှာ တန်ချိန် ၁၅၀၀ ကျော် ငါးအသေတွေ ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ ငါးတွေဟာ ရေထဲမှာ ညစ်ညမ်းမှုများပြားလွန်းတာကြောင့် အောက်စီဂျင်ပြတ်လပ်ပြီး အများအပြား သေကုန်တာဖြစ်ပါ တယ်။ အဲဒီအဖြစ်အပျက်က ငါးလုပ်ငန်းနဲ့အသက်မွေးနေတဲ့ ရာနဲ့ချီတဲ့လူတွေအတွက် ခြိမ်းခြောက်မှုကြီးပါပဲ။ ဒါ့အပြင် ထောင်နဲ့ ချီတဲ့လူတွေအတွက်လည်း သောက်သုံးရေပြဿနာဖြစ်လာစေခဲ့ပါတယ်။

2

တိုဘာရေကန်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မီးတောင်ရေကန် ( volcanic) ကန်တစ်ကန်ဖြစ်ပြီး အခြေအနေတွေ ရုတ်ခြည်းပျက်စီးကျဆင်းမှု ကိုလည်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်စုအတွင်းမှာ ညစ်ညမ်းမှုမြင့်တက်လာတာ၊ ဖွံ့ဖြိုးတိုးတက် မှု၊ တောပြုန်းခြင်းနဲ့ ငါးမွေးစက်မှုလုပ်ငန်း ကြီးမားလာခြင်းတွေက ကန်ထဲကရေတွေရဲ့အရည်အသွေးကို ကျဆင်းစေခဲ့တာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါ တယ်။ တိုဘာရေကန်မှာ လှောင်ကန်လုပ်ပြီးမွေးတဲ့ ငါးလုပ်ငန်း ၁၂,၀၀၀ ခန့် ရှိနေပါတယ်။ လုပ်ငန်းတိုင်းက ငါးအကောင် ၁ သောင်းကို လှောင်မွေးထားပြီး အဲဒီပမာဏက အမှန်တကယ်ဆန့်တဲ့ပမာဏထက် နှစ်ဆ၊သုံးဆပိုများနေပါတယ်။

fecture

စိုက်ပျိုးရေးသုံးမြေသြဇာ တွေ၊ စွန့်ပစ်ရေသိုးရေပုပ်တွေကြောင့်လည်း ငါးစာတွေမှာ ၂၀၁၂ခုနှစ်ကစပြီး ဖော့စဖားရပ်စ်ဓါတ် ပိုများလာခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ တိုဘာရေကန်ဟာ ဆုမတ်တြားကျွန်း ရဲ့မြောက်ပိုင်းဒေသမှာ တည်ရှိတာဖြစ်ပြီး ပညာရပ်အရ ယူထရိုဖစ် (eutrophic) ဒါမှမဟုတ် ဟိုက်ပါ-ယူထရိုဖစ်( hyper-eutrophic) လို့သတ်မှတ်ထားတာပါ။ အဲဒီအမျိုး အစားရေကန်တွေဟာ အစာအဟာရလွန်စွာပေါ်ကြွယ် ၀ပြီး အောက်စီဂျင်နည်းပါးမှုက ရေနေသတ္တ၀ါတွေအတွက် သေမင်းတမန် ဇုန်ဖန်တီးပေးသလို ဖြစ်စေပါတယ်။

ဓါတ်ပုံဆရာ ဘင်ဆာဘတ်ခ်ကာရာက တိုဘာရေကန်အနီးမှာ ကြီးပြင်းခဲ့သူပါ။ ၁၉၈၀ပြည့်နှစ်နဲ့ ၁၉၉၀ပြည့်နှစ်တွေမှာ ကလေးပဲ ရှိသေးတဲ့ဘင်ဆာ က ရေကန်ရဲ့ကြည်လင်တဲ့ရေအခြေအနေကို ကောင်းကောင်းကြီး မှတ်မိနေကြောင်း ပြောဆိုခဲ့ပါတယ်။ “ရေ အောက်အနက် ၅မီတာကနေ ၇မီတာလောက်က အရာဝတ္ထုတွေကို ကောင်းကောင်းကြီးမြင်နိုင်တာပါတယ်၊ အခုအချိန်မှာတော့ ၂ မီတာလောက်ကိုတောင် မမြင်ရတော့ပါဘူး၊ နောက်ကျိနေ တဲ့ရေကြောင့် မမြင်ရတော့ပါဘူး” လို့ ဘင်ဆာဘတ်ခ်ကာရာ က ပြောပြခဲ့ပါတယ်။ ငါးတွေသေဆုံးတဲ့သတင်းကြားချိန်မှာ ဘင်ဆာဘတ်ခ်ကာရာက ရေကန်ဆီကို ပြန်လာခဲ့ပြီး မှတ်တမ်းတင်ခဲ့ တာဖြစ်ပါတယ်။