အင္တာနက္ ပိတ္ခ်ထားလို႔ အရပ္သားေတြအတြက္ စိုးရိမ္ေၾကာင္း ကုလေျပာ

0
375

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ရွိ ပလက္ဝတို႔မွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာနဲ႔ ပတ္သက္လို႔ ပဋိပကၡျဖစ္ရာေဒသမွာ အရပ္သားေတြရဲ႕ လူ႔အခြင့္အေရးနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ေစာင့္ၾကည့္မႈေတြအတြက္ စိုးရိမ္ေၾကာင္း ကုလသမဂၢ ကြ်မ္းက်င္သူက ေျပာပါတယ္။

ပဋိပကၡျဖစ္ရာေဒသမွာ မီဒီယာေတြ သတင္းမယူႏိုင္၊ အကူအညီေပးေရး အဖြဲ႔ေတြကို တင္းက်ပ္စြာ ကန္႔သတ္တာေတြဟာ ေဒသတစ္ခုလံုးကို သတင္းေမွာင္ခ်တာ ျဖစ္ေၾကာင္း၊ အဲဒီေဒသရွိ အရပ္သားေတြအတြက္ စိုးရိမ္မိေၾကာင္း ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ ယန္ဟီးလီက ေျပာပါတယ္။

ဇြန္လ ၂၁ ရက္ေန႔က စတင္ၿပီး တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္ေျမာက္ပုိင္း  ပု႑ားကြ်န္း၊ ေျမာက္ဦး ၊ မင္းျပား၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ေျမပုံ၊ ေက်ာက္ေတာ္နဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္၊ စုစုေပါင္း ကိုးၿမိဳ႕နယ္တို႔မွာ အင္တာနက္ ဆက္သြယ္ေရး လုိင္းေတြ ျဖတ္ေတာက္ဖို႔  ျမန္မာႏုိင္ငံ ပုိ႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက တယ္လီဖုန္း ေအာ္ပေရတာ ကုမၸဏီေတြကုိ ညႊန္ၾကားထားပါတယ္။ အင္တာနက္ ျဖတ္ေတာက္ထားေပမယ့္ ဖံုးေျပာတာနဲ႔ SMS မက္ေဆ့ခ်္ ပို႔တာေတြေတာ့ လုပ္ေဆာင္လုိ႔ရႏိုင္ပါတယ္။

ဆက္စပ္သတင္း – ရခုိင္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝတုိ႔မွာ အင္တာနက္လုိင္းေတြ ျဖတ္ေတာက္

အင်တာနက် ပိတ်ချထားလို့ အရပ်သားတွေအတွက် စိုးရိမ်ကြောင်း ကုလပြော

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ ပလက်ဝတို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ ပဋိပက္ခဖြစ်ရာဒေသမှာ အရပ်သားတွေရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စောင့်ကြည့်မှုတွေအတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူက ပြောပါတယ်။

ပဋိပက္ခဖြစ်ရာဒေသမှာ မီဒီယာတွေ သတင်းမယူနိုင်၊ အကူအညီပေးရေး အဖွဲ့တွေကို တင်းကျပ်စွာ ကန့်သတ်တာတွေဟာ ဒေသတစ်ခုလုံးကို သတင်းမှောင်ချတာ ဖြစ်ကြောင်း၊ အဲဒီဒေသရှိ အရပ်သားတွေအတွက် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောပါတယ်။

ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဍားကျွန်း၊ မြောက်ဦး ၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်၊ စုစုပေါင်း ကိုးမြို့နယ်တို့မှာ အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ဖို့ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တယ်လီဖုန်း အော်ပရေတာ ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။ အင်တာနက် ဖြတ်တောက်ထားပေမယ့် ဖုံးပြောတာနဲ့ SMS မက်ဆေ့ချ် ပို့တာတွေတော့ လုပ်ဆောင်လို့ရနိုင်ပါတယ်။

ဆက္စပ္သတင္း – ရခုိင္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝတုိ႔မွာ အင္တာနက္လုိင္းေတြ ျဖတ္ေတာက္