
0
7








အင်တာနက်ကို ကောင်းတဲ့ဘက်မှာ အသုံးပြုနိုင်ဖို့ ဒစ်ဂျစ်တယ် အသိပညာပေးမှု လုပ်ဖို့လို


အင်တာနက်ကို ကောင်းတဲ့ဘက်မှာ အသုံးပြုနိုင်ဖို့ ကျောင်းပညာရေးစနစ်ကနေ ဒစ်ဂျစ်တယ်အသိပညာပေး မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။


မြန်မာနိုင်ငံအတွင်းရှိ လူမှုကွန်ယက်ဆိုင်ရာ ဘေးကင်းလုံခြုံရေး အကြောင်းဆွေးနွေးပွဲကို သြဂုတ်လ၊ ၃၁ရက်နေ့က 50 Street Bar မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကူညီထောက်ပံ့ရေးတက်ကြွလှုပ်ရှားသူ ဘီအက်စ်တာဇေနောက အခုလို ပြောဆိုခဲ့တာပါ။


Sound Bite: ဘီအက်စ်တာဇေနော
(ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ရေးတက်ကြွလှုပ်ရှားသူ)


အင်တာနက် လူမှုကွန်ယက်ကနေ တစ်ဆင့် သတင်းအမှား ဖြန့်ဝေမှုတွေနဲ့ ဝေဖန်ပုတ်ခတ်ပြောဆိုမှုတွေကြောင့် ဘာသာရေး၊ နိုင်ငံရေး၊ ပဋိပက္ခဖြစ်စဉ်တွေ အပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိနေတာကြောင့် လူမှုကွန်ယက်ကို အပြုသဘောဆောင်တဲ့ အသုံးပြုမှုမျိုး လူ့အဖွဲ့အစည်းအတွင်း လိုအပ်နေတာဖြစ်ပါတယ်။


Sound Bite: မဝတ်ရည်ချမ်း (Asia Inno Tech) တည်ထောင်သူ


မြန်မာနိုင်ငံအတွင်း အင်တာနက်အသုံးပြုသူ လူဦးရေ ၁၂သန်းကျော်ရှိနေပြီး၊ Facebook အသုံးပြုမှုမှာ လူဦးရေ ၁၀သန်းကျော်ရှိနေတာကြောင့် အင်တာနက်အသုံးပြုမှုနဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းအတွင်း အမုန်းစကားတွေ ပျံ့နှံ့မှုတွေ လျော့ချကာ ကောင်းကျိုးတွေဘက်မှာ အသုံးချဖို့ ဝိုင်းဝန်းလုပ် ဆောင်နေကြတာဖြစ်ပါတယ်။