
0
33





အခုလအတွင်း ကိုရီးယားနိုင်ငံကို စိုက်ပျိုးရေးလုပ်သား တစ်ထောင်ခေါ်ယူသွားမယ်

စက်တင်ဘာလအတွင်း ကိုရီးယာနိုင်ငံကို စိုက်ပျိုးရေးလုပ်သားတစ်ထောင်ခေါ်ယူသွားမှာဖြစ်တယ်လို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းရှိန်ကပြောပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့၊ ဆောက်လုပ်ရေးသင်တန်းကျောင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးဦးဝင်းရှိန်ကပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံက စိုက်ပျိုးရေးလုပ်သား ခေါ်ယူ ဖို့အတွက် လျှောက်လွှာတွေကို စက်တင်ဘာလ၁၄ရက်နေနဲ့ ၁၅ရက်နေမှာ လှိုင်သာယာမြို့နယ် ပင်လုံခန်းမမှာ လက်ခံသွားမှာဖြစ်ပါတယ်။

ကိုရီးယာနိုင်ငံကို စိုက်ပျိုးရေးလုပ်သားစေလွှတ်ဖို့အတွက် စာမေးပွဲကိုတော့ အောက်တိုဘာ၂ရက်နေ့က နေနိုဝင်ဘာလအထိကျင်းပသွားမှာလည်းဖြစ်ပါတယ်။