ဟြာေဝး ကုမၸဏီနဲ႔ ဆက္ႏႊယ္တဲ့ ကုမၸဏီေတြကို အေမရိကန္က အမည္ပ်က္စာရင္းသြင္း

0
62

တ႐ုတ္ ဆက္သြယ္ေရး ကုမၸဏီႀကီး ဟြာေဝးနဲ႔ ဆက္ႏႊယ္ေနတဲ့ ကုမၸဏီ ၄၆ ခုကို ခြင့္ျပဳခ်က္မရဘဲ ကုန္သြယ္ေရး မလုပ္သင့္တဲ့ ကုမၸဏီေတြစာရင္းမွာ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ထည့္သြင္းလိုက္ပါတယ္။

လုံၿခဳံေရး စိုးရိမ္မႈေတြကို ေထာက္ျပၿပီး ဟြာေဝးနဲ႔သူနဲ႔ ဆက္ႏႊယ္မႈရွိတဲ့ တျခား ကုမၸဏီ ၆၈ ခုနဲ႔ အေမရိကန္ ကုမၸဏီေတြနဲ႔ ခြင့္ျပဳခ်က္ မရဘဲ စီးပြားေရး လုပ္ေဆာင္မႈကို ၿပီးခဲ့တဲ့ ေမလတုန္းက တားျမစ္ခဲ့ပါတယ္။ ဟြာေဝးနဲ႔ ဆက္ႏႊယ္တဲ့ ကုမၸဏီေပါင္း ၄၆ ခုကို Entity List လို႔ေခၚတဲ့ စာရင္းထဲ ျဖည့္သြင္းခဲ့တယ္လို႔ ဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။

ဇြန္လတုန္းက တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ ေတြ႔ဆုံခဲ့ၿပီးေနာက္မွာ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က သူ႔အေနနဲ႔ ဟြာေဝး ကုမၸဏီအေပၚ ဖိအားေတြကို ေလၽွာ့ခ်ဖြယ္ရွိတယ္လို႔ ေျပာခဲ့ေပမယ့္ အခုလို တင္းက်ပ္တဲ့ လုပ္ေဆာင္မႈေတြ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

ဟွာဝေး ကုမ္ပဏီနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေကို အမေရိကန်က အမည်ပျက်စာရင်းသွင်း


တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဟွာဝေးနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ ၄၆ ခုကို ခွင့်ပြုချက်မရဘဲ ကုန်သွယ်ရေး မလုပ်သင့်တဲ့ ကုမ္ပဏီတွေစာရင်းမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထည့်သွင်းလိုက်ပါတယ်။


လုံခြုံရေး စိုးရိမ်မှုတွေကို ထောက်ပြပြီး ဟွာဝေးနဲ့သူနဲ့ ဆက်နွှယ်မှုရှိတဲ့ တခြား ကုမ္ပဏီ ၆၈ ခုနဲ့ အမေရိကန် ကုမ္ပဏီတွေနဲ့ ခွင့်ပြုချက် မရဘဲ စီးပွားရေး လုပ်ဆောင်မှုကို ပြီးခဲ့တဲ့ မေလတုန်းက တားမြစ်ခဲ့ပါတယ်။ ဟွာဝေးနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီပေါင်း ၄၆ ခုကို Entity List လို့ခေါ်တဲ့ စာရင်းထဲ ဖြည့်သွင်းခဲ့တယ်လို့ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။


ဇွန်လတုန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သူ့အနေနဲ့ ဟွာဝေး ကုမ္ပဏီအပေါ် ဖိအားတွေကို လျှော့ချဖွယ်ရှိတယ်လို့ ပြောခဲ့ပေမယ့် အခုလို တင်းကျပ်တဲ့ လုပ်ဆောင်မှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။