ဟြာေဝးကို နာမည္ပ်က္ စာရင္းထဲ ဆက္ထားမယ္လို႔ အေမရိကန္ ေျပာ

0
83

တ႐ုတ္ ဆက္သြယ္ေရး နည္းပညာကုမၸဏီႀကီး ဟြာေဝးကို နာမည္ပ်က္စာရင္းထဲမွာ ဆက္ၿပီး ထားရွိမယ္လို႔ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးက အတည္ျပဳလိုက္ပါတယ္။

သီးျခားစာရင္းလို႔ေခၚတဲ့ စာရင္းထဲမွာပါတဲ့ ကုမၸဏီေတြနဲ႔ အစိုးရရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ အေမရိကန္ ကုမၸဏီေတြက စီးပြားေရး လုပ္ကိုင္တာကို တားျမစ္ပိတ္ပင္ထားပါတယ္။ ႏိုင္ငံ့လုံၿခဳံေရးကို ၿခိမ္းေျခာက္မႈ မရွိဘူးဆိုရင္ အေမရိကန္ ကုမၸဏီေတြကို ဟြာေဝး ကုန္ပစၥည္းေတြ ေရာင္းခ်ခြင့္ျပဳမယ္လို႔ ဝန္ႀကီး ဝီလ္ဘာ ေရာ့စ္က ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ ဟြာေဝးဟာ အဲဒီ စာရင္းထဲမွာ ရွိေနဦးမွာျဖစ္ၿပီး အေမရိကန္ရဲ႕ နည္းပညာေတြ လႊဲေျပာင္းမႈကို ကာကြယ္ဖို႔ လိုအပ္တာေၾကာင့္ ျဖစ္တယ္လို႔ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးက ေျပာပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ဇြန္လေႏွာင္းပိုင္းက တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ ေတြ႔ဆုံခဲ့ပါတယ္။ သူတို႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ မစၥတာ ထရမ့္က အေမရိကန္ကုမၸဏီေတြကို ဟြာေဝးရဲ႕ အီလက္ထေရာနစ္ပစၥည္း အစိတ္အပိုင္းတစ္ခ်ိဳ႕ ေရာင္းခ်ခြင့္ ျပဳမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟွာဝေးကို နာမည်ပျက် စာရင်းထဲ ဆက်ထားမယ်လို့ အမေရိကန် ပြော


တရုတ် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို နာမည်ပျက်စာရင်းထဲမှာ ဆက်ပြီး ထားရှိမယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက အတည်ပြုလိုက်ပါတယ်။


သီးခြားစာရင်းလို့ခေါ်တဲ့ စာရင်းထဲမှာပါတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ အမေရိကန် ကုမ္ပဏီတွေက စီးပွားရေး လုပ်ကိုင်တာကို တားမြစ်ပိတ်ပင်ထားပါတယ်။ နိုင်ငံ့လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိဘူးဆိုရင် အမေရိကန် ကုမ္ပဏီတွေကို ဟွာဝေး ကုန်ပစ္စည်းတွေ ရောင်းချခွင့်ပြုမယ်လို့ ဝန်ကြီး ဝီလ်ဘာ ရော့စ်က ပြောကြားခဲ့ပါတယ်။


ဒါပေမဲ့ ဟွာဝေးဟာ အဲဒီ စာရင်းထဲမှာ ရှိနေဦးမှာဖြစ်ပြီး အမေရိကန်ရဲ့ နည်းပညာတွေ လွှဲပြောင်းမှုကို ကာကွယ်ဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇွန်လနှောင်းပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူတို့ တွေ့ဆုံခဲ့ပြီးနောက် မစ္စတာ ထရမ့်က အမေရိကန်ကုမ္ပဏီတွေကို ဟွာဝေးရဲ့ အီလက်ထရောနစ်ပစ္စည်း အစိတ်အပိုင်းတစ်ချို့ ရောင်းချခွင့် ပြုမယ်လို့ ပြောကြားခဲ့ပါတယ်။