
0
27




ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို အခုလကုန် တရားဝင် မှတ်ပုံတင်မယ်


ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ အခုလကုန်မှာ တရားဝင်မှတ်ပုံတင်သွားမှာ ဖြစ်ကြောင်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ (ယာယီ)မုံရွာအောင်ရှင်က ပြောကြားခဲ့ပါတယ်။


စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားဟောင်းတွေ ၊ဘဝတူစာနယ်ဇင်း သမားတွေရဲ့ ၃၈ ကြိမ်မြောက်ထောက်ပံ့ငွေ ပေးအပ်ပွဲမှာ အခုလို ပြောခဲ့တာပါ။


အခုလိုတရားဝင် မှတ်ပုံတင်လိုက်တဲ့အတွက်ကြောင့် နိုင်ငံတကာက ပေးမယ့် အကူအညီတွေ ၊ပြည်တွင်း ကပေးမယ့် အကူအညီတွေက ပိုပြီးတော့ တရားဝင်သွားမှာ ဖြစ်ကြောင်း မုံရွာအောင်ရှင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။