ဟုမၼလင္းမွာ တရားမဝင္ ေရႊတူးေဖာ္ရာမွာသံုးတဲ့ စက္ေတြ သိမ္းဆည္းရမိ

0
154

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕နယ္အတြင္း ေရႊတူးေဖာ္ရာမွာ အသံုးျပဳတဲ့ စက္ေတြကို ဖမ္းဆီးရ မိခဲ့ပါတယ္။ 

လံုၿခံဳေရး ေဆာင္ရြက္ေနတဲ့ တပ္ဖြဲ႔ဝင္ေတြဟာ ၾသဂုတ္လ ၁၅ ရက္ေန႔က နန္႔ေတာေက်းရြာရဲ႕ အေရွ႕ေတာင္ဘက္ မီတာ ၃ဝဝဝ ခန္႔နဲ႔ အနီးဝန္းက်င္မွာ တရားမဝင္ ေရႊေမ်ာလုပ္ငန္းေတြ လုပ္ကိုင္ရာမွာ အသုံးျပဳတဲ့ ေရစုပ္စက္ ရွစ္လံုး၊ မႈံစုပ္စက္ တစ္လံုး၊ ေရခ႐ုေျခာက္လံုး၊ ခ်ိန္းဘေလာက္ သံုးခုနဲ႔ ဆက္စပ္ပစၥည္းေတြကို ပိုင္ရွင္မဲ့ ေတြ႔ရွိ သိမ္းဆည္းရမိခဲ့တာ ျဖစ္ပါတယ္။

အဲဒီ သိမ္းဆည္းရမိတဲ့ တရားမဝင္ေရႊ တူးေဖာ္ရာမွာ အသုံးျပဳတဲ့ ပစၥည္းေတြကုိ မုိင္းကိုင္နယ္ေျမ ရဲစခန္းထံ စနစ္တက် လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

ဟုမ္မလင်းမှာ တရားမဝင် ရွှေတူးဖော်ရာမှာသုံးတဲ့ စက်တွေ သိမ်းဆည်းရမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်တွေကို ဖမ်းဆီးရ မိခဲ့ပါတယ်။


လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၁၅ ရက်နေ့က နန့်တောကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၃ဝဝဝ ခန့်နဲ့ အနီးဝန်းကျင်မှာ တရားမဝင် ရွှေမျောလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ရေစုပ်စက် ရှစ်လုံး၊ မှုံစုပ်စက် တစ်လုံး၊ ရေခရုခြောက်လုံး၊ ချိန်းဘလောက် သုံးခုနဲ့ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။


အဲဒီ သိမ်းဆည်းရမိတဲ့ တရားမဝင်ရွှေ တူးဖော်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို မိုင်းကိုင်နယ်မြေ ရဲစခန်းထံ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။