ဟိုက္ဒရာဘတ္ျပည္နယ္မွာ ဘဂၤါလီ ၅၀၀၀ ရွိတယ္လို႔ အိႏၵိယ အာဏာပိုင္ေတြ ေျပာ

0
40

အိႏၵိယႏိုင္ငံ၊ ဟိုက္ဒရာဘတ္ျပည္နယ္ထဲမွာ ရွာေဖြစစ္ေဆးမႈေတြလုပ္ရာ ျမန္မာႏိုင္ငံက လာေရာက္တယ္လို႔ ဆိုသူ ဘဂၤါလီ မြတ္စလင္ ၅၀၀၀ ခန္႔ ေတြ႔ရွိရေၾကာင္း အိႏၵိယ အာဏာပိုင္ေတြက ေျပာပါတယ္။

ဘဂၤါလီ အမ်ားစုဟာ ၿမိဳ႕ေတြမွာ အေျခခ်ေနၾကၿပီး ေနာက္ထပ္ ရွာေဖြစစ္ေဆးမႈေတြ ထပ္လုပ္ေနပါတယ္။ ရဲေတြက စစ္ေဆးေမးျမန္းရာမွာ အမ်ားစုဟာ ဥတၱရာ ပရာေဒ့ရွ္၊ ေဒလီ၊ စစ္တေကာင္း၊ အာသံနဲ႔ ၾသဒိႆ ျပည္နယ္ေတြကေန ဝင္ေရာက္လာၾကတာလို႔ ထြက္ဆိုၾကပါတယ္။ 

ၿမိဳ႕ေဟာင္းရွိ ဘာလာပူရ္နဲ႔ ဘာဘာနာဂါ၊ ရွာဟင္နာဂါနဲ႔ ကီရွန္ဘာတို႔မွာ ေနထိုင္သူ ဘဂၤါလီ ၄၃၀၀ စာရင္းေပါက္တယ္လို႔ ရဲေတြက ေျပာပါတယ္။ တခ်ိဳ႕က ေက်းလက္ေဒသေတြမွာ အေျခခ်ေနထိုင္ၾကတဲ့အတြက္ ခိုးဝင္လာမွန္း သတိမျပဳမိခဲ့ၾကပါဘူး။

ရဲေတြက ခိုးဝင္ေနထိုင္တဲ့ ဘဂၤါလီေတြရဲ႕ လက္ေဗြနဲ႔ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို ေကာက္ယူခဲ့ၾကၿပီး အဲဒီလို ေကာက္ယူတာဟာ အိႏၵိယေနထိုင္ခြင့္ကတ္နဲ႔ ရိကၡာကတ္ မေလွ်ာက္ထားႏိုင္ေအာင္ ျဖစ္ပါတယ္။ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) ကေတာ့ ဘဂၤါလီေတြကို က်န္းမာေရး ေစာင့္ေလွ်ာက္ခံႏိုင္ဖို႔ ကတ္ေတြ ထုတ္ေပးထားပါတယ္။

ဟိုက်ဒရာဘတ်ပြည်နယ်မှာ ဘင်္ဂါလီ ၅၀ဝ၀ ရှိတယ်လို့ အိန္ဒိယ အာဏာပိုင်တွေ ပြော


အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်ပြည်နယ်ထဲမှာ ရှာဖွေစစ်ဆေးမှုတွေလုပ်ရာ မြန်မာနိုင်ငံက လာရောက်တယ်လို့ ဆိုသူ ဘင်္ဂါလီ မွတ်စလင် ၅၀ဝ၀ ခန့် တွေ့ရှိရကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။


ဘင်္ဂါလီ အများစုဟာ မြို့တွေမှာ အခြေချနေကြပြီး နောက်ထပ် ရှာဖွေစစ်ဆေးမှုတွေ ထပ်လုပ်နေပါတယ်။ ရဲတွေက စစ်ဆေးမေးမြန်းရာမှာ အများစုဟာ ဥတ္တရာ ပရာဒေ့ရှ်၊ ဒေလီ၊ စစ်တကောင်း၊ အာသံနဲ့ သြဒိဿ ပြည်နယ်တွေကနေ ဝင်ရောက်လာကြတာလို့ ထွက်ဆိုကြပါတယ်။


မြို့ဟောင်းရှိ ဘာလာပူရ်နဲ့ ဘာဘာနာဂါ၊ ရှာဟင်နာဂါနဲ့ ကီရှန်ဘာတို့မှာ နေထိုင်သူ ဘင်္ဂါလီ ၄၃၀ဝ စာရင်းပေါက်တယ်လို့ ရဲတွေက ပြောပါတယ်။ တချို့က ကျေးလက်ဒေသတွေမှာ အခြေချနေထိုင်ကြတဲ့အတွက် ခိုးဝင်လာမှန်း သတိမပြုမိခဲ့ကြပါဘူး။

ရဲတွေက ခိုးဝင်နေထိုင်တဲ့ ဘင်္ဂါလီတွေရဲ့ လက်ဗွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကောက်ယူခဲ့ကြပြီး အဲဒီလို ကောက်ယူတာဟာ အိန္ဒိယနေထိုင်ခွင့်ကတ်နဲ့ ရိက္ခာကတ် မလျှောက်ထားနိုင်အောင် ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဘင်္ဂါလီတွေကို ကျန်းမာရေး စောင့်လျှောက်ခံနိုင်ဖို့ ကတ်တွေ ထုတ်ပေးထားပါတယ်။