ဟားခါးမွာ လဝက ဝန္ထမ္းေနအိမ္ မီးေလာင္

0
244

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕၊ ေစ်းသစ္ရပ္ကြက္မွာ ရွိတဲ့ ျပည္နယ္လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာန ဝန္ထမ္းေနအိမ္ မီးေလာင္မႈ မေန႔က ဇန္နဝါရီ ၈ ရက္ ည ၈ နာရီခြဲမွာ ျဖစ္ပြားခဲ့ပါတယ္။

ဝန္ထမ္းအိမ္ယာ အမွတ္ (၁၅/က) မွာ ေနတဲ့ ဦးစီးအရာရွိ ဦးခ်စ္ကိုကိုလြင္ ေနအိမ္မွာ လွ်ပ္စစ္ေရေႏြးအိုး တည္ထားခဲ့ၿပီး လူမရွိရာက အပူလြန္ၿပီး မီးေလာင္တာ ျဖစ္ပါတယ္။ မီးသတ္ယာဥ္ ငါးစီး၊ တပ္ဖြဲ႔ဝင္ ၂၅ ဦးတို႔က ဝိုင္းဝန္းၿငိွမ္းသတ္ရာ ၈ နာရီ မိနစ္ ၅၀ မွာ မီးၿငိမ္းပါတယ္။

ပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သြပ္မိုး တစ္ထပ္ မီးေလာင္ကြ်မ္းၿပီး ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ပါဘူး။ ေငြက်ပ္ ၁၅၀၀၀၀ ဖိုး ဆံုး႐ံႈးပါတယ္။
…………………. ။ ။ ………………….

ဟားခါးမှာ လဝက ဝန်ထမ်းနေအိမ် မီးလောင်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်မှာ ရှိတဲ့ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဝန်ထမ်းနေအိမ် မီးလောင်မှု မနေ့က ဇန်နဝါရီ ၈ ရက် ည ၈ နာရီခွဲမှာ ဖြစ်ပွားခဲ့ပါတယ်။

ဝန်ထမ်းအိမ်ယာ အမှတ် (၁၅/က) မှာ နေတဲ့ ဦးစီးအရာရှိ ဦးချစ်ကိုကိုလွင် နေအိမ်မှာ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ပြီး လူမရှိရာက အပူလွန်ပြီး မီးလောင်တာ ဖြစ်ပါတယ်။ မီးသတ်ယာဉ် ငါးစီး၊ တပ်ဖွဲ့ဝင် ၂၅ ဦးတို့က ဝိုင်းဝန်းငြှိမ်းသတ်ရာ ၈ နာရီ မိနစ် ၅၀ မှာ မီးငြိမ်းပါတယ်။

ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး တစ်ထပ် မီးလောင်ကျွမ်းပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ငွေကျပ် ၁၅၀ဝ၀ဝ ဖိုး ဆုံးရှုံးပါတယ်။