ဟာရီကိန္း ဒိုရီယန္ေၾကာင့္ ဘဟားမားမွာ ေပ်ာက္ဆံုးသူ ၂၅၀၀ ရွိ

0
38

ဟာရီကိန္း ဒိုရီယန္ တိုက္ခတ္ၿပီးေနာက္ တစ္ပတ္အၾကာ ကရစ္ဘီယန္ ပင္လယ္ထဲက ဘဟားမားကြ်န္းႏိုင္ငံမွာ စာရင္းအရ ေပ်ာက္ဆံုးသူ လူဦးေရ ၂၅၀၀ ရွိေနၿပီး ကယ္ဆယ္ေရးစခန္းမွာ ေရာက္ေနသူတခ်ိဳ႕လည္း ေပ်ာက္ဆံုးစာရင္းထဲမွာ ပါႏိုင္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

အေလာင္းေတြ႔ရွိရတဲ့ ေသဆံုးသူ ၅၀ ဦး ရွိေၾကာင္း၊ ေပ်ာက္ဆံုးသူ စာရင္းက ေထာင္ေက်ာ္တဲ့အတြက္ ေသဆံုးသူ စာရင္းက ျမင့္တက္လာဖြယ္ ရွိေၾကာင္း၊ အစိုးရက ပြင့္လင္းျမင္သာစြာနဲ႔ ေသဆံုးမႈ အတည္ျပဳႏိုင္တိုင္း သတင္းထုတ္ျပန္ေပးမွာ ျဖစ္ေၾကာင္း ဘဟားမား ဝန္ႀကီးခ်ဳပ္ ဟူးဘတ္ မင္းနစ္က ႐ုပ္သံကတစ္ဆင့္ ေျပာပါတယ္။

အေရးေပၚ စီမံခန္႔ခြဲေရး အရာရွိေတြကေတာ့ အခု ေပ်ာက္ဆံုးစာရင္းကို ကယ္ဆယ္ေရးစခန္းမွာ ေရာက္ရွိေနသူေတြနဲ႔ တိုက္မစစ္ရေသးဘူးလို႔ ေျပာပါတယ္။

ဟာရီကိန်း ဒိုရီယန်ကြောင့် ဘဟားမားမှာ ပျောက်ဆုံးသူ ၂၅၀ဝ ရှိ

ဟာရီကိန်း ဒိုရီယန် တိုက်ခတ်ပြီးနောက် တစ်ပတ်အကြာ ကရစ်ဘီယန် ပင်လယ်ထဲက ဘဟားမားကျွန်းနိုင်ငံမှာ စာရင်းအရ ပျောက်ဆုံးသူ လူဦးရေ ၂၅၀ဝ ရှိနေပြီး ကယ်ဆယ်ရေးစခန်းမှာ ရောက်နေသူတချို့လည်း ပျောက်ဆုံးစာရင်းထဲမှာ ပါနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အလောင်းတွေ့ရှိရတဲ့ သေဆုံးသူ ၅၀ ဦး ရှိကြောင်း၊ ပျောက်ဆုံးသူ စာရင်းက ထောင်ကျော်တဲ့အတွက် သေဆုံးသူ စာရင်းက မြင့်တက်လာဖွယ် ရှိကြောင်း၊ အစိုးရက ပွင့်လင်းမြင်သာစွာနဲ့ သေဆုံးမှု အတည်ပြုနိုင်တိုင်း သတင်းထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း ဘဟားမား ဝန်ကြီးချုပ် ဟူးဘတ် မင်းနစ်က ရုပ်သံကတစ်ဆင့် ပြောပါတယ်။

အရေးပေါ် စီမံခန့်ခွဲရေး အရာရှိတွေကတော့ အခု ပျောက်ဆုံးစာရင်းကို ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေသူတွေနဲ့ တိုက်မစစ်ရသေးဘူးလို့ ပြောပါတယ်။