
0
45







အခုဖွင့်လှစ်လိုက်တဲ့ အလုံဆိုင်ခွဲသစ်ကိုေ အမှတ် ၇၁(အေ)၊ သစ်တောလမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့( Hot Pot City Ahlone အပေါ်ထပ်) မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ AKA Myanmar ဘူဖေးဆိုင်ခွဲ ထပ်မံဖွင့်လှစ်


သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံက AKA Myanmar ဘူဖေးဆိုင်ခွဲသစ်ကို အလုံမြို့နယ်မှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။


စာသုံးသူတွေကြား နာမည်ကြီးနေတဲ့ AKA Myanmar ဘူဖေးဆိုင်ရဲ့ အလုံဆိုင်ခွဲသစ်ကို စက်တင်ဘာလ ၆ ရက်နေ့က အလုံမြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ဆိုင်ခွဲသစ်ဖွင့်ပွဲအနေနဲ့ စက်တင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ သုံးရက်ကြာ အဲဒီဆိုင်မှာ လာရောက် စားသုံးသူတွေအတွက် ၅၀ ရာခိုင်နှုန်း လျှော့ပေးတဲ့ အထူးအစီအစဉ်လည်းရှိတယ်လို့ပြောပါတယ်။


Soundbite – သဉ္ဇာနွယ်ဝင်း နှင့် စတီဗင်လှ


ပထမဆုံး AKA Myanmar ဆိုင်ကို ရှစ်မိုင်မှာ ဖွင့်လှစ်ပြီး စားသုံးသူတွေ လာရောက်စားသုံးသူတွေ အဆင်ပြေစေဖို့အတွက် ပိုပြီးကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့အလုံဆိုင်ခွဲသစ်ကို ဖွင့်လှစ်ခဲ့တာလို့လည်း ပြောပါတယ် ။


Soundbite – သဉ္ဇာနွယ်ဝင်း နှင့် စတီဗင်လှ
အခုဖွင့်လှစ်လိုက်တဲ့ အလုံဆိုင်ခွဲသစ်ကေို အမှတ် ၇၁(အေ)၊ သစ်တောလမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့( Hot Pot City Ahlone အပေါ်ထပ်) မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။