သၾကၤန္နီးေပမယ္႔ ငပလီကမ္းေျခ ခရီးသြားလာေရာက္မႈနည္းပါး (႐ုပ္/သံ)

0
683

သႀကၤန္ကာလနီးလာေပမယ့္ ငပလီကမ္းေျခကို လာေရာက္လည္ပတ္သူေတြ နည္းပါးေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

၂၀၁၈ ခုႏွစ္ သႀကၤန္ကာလနဲ႔ နီးကပ္လာေနၿပီျဖစ္ေပမယ့္ ငပလီကမ္းေျခကို လာေရာက္လည္ပတ္သူေတြဟာ အရင္ႏွစ္ေတြကထက္ သိသိသာသာနည္းပါး ေနပါတယ္။

အခုလိုမ်ိဳး ကမ္းေျခကို လာေရာက္လည္ပတ္သူ နည္းပါးေနတာေၾကာင့္ ျပည္တြင္းျပည္ပ ဧည့္သည္ေတြကို မွီခိုေနၾကတဲ့ ငပလီကမ္းေျခက ေဒသခံေတြဟာ အေရာင္းအဝယ္ေအးေနၿပီး အခဲအခဲအခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရပါတယ္။

Soundbite – ဦးဝင္းကိုကို (ဆိုင္ပိုင္႐ွင္)ေမဃဝတီ (ကမ္းေျခစားေသာက္ဆိုင္)

အရင္ႏွစ္ေတြက အခုလိုသႀကၤန္အႀကိဳကာလေတြမွာ ဧည့္သည္ေတြဝင္ေရာက္လာေနၾကၿပီျဖစ္ေပမယ့္ အခုႏွစ္မွာေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းကျဖစ္ပြားခဲ့တဲ့ ေမာင္ေတာအၾကမ္းဖက္မႈေၾကာင့္ လာေရာက္လည္ပတ္မႈ က်ဆင္းခဲ့ရတာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Soundbite – ဦးဝင္းကိုကို (ဆိုင္ပိုင္႐ွင္) ေမဃဝတီ (ကမ္းေျခစားေသာက္ဆိုင္)

ဒါ့အျပင္ ငပလီကမ္းေျခကို လာေရာက္အပမ္းေျဖသူ နည္းပါးသြားခဲ့ရတာဟာ ကမ္းေျခဝန္ေဆာင္မႈအားနည္းျခင္း၊ ဟိုတယ္၊ တည္းခိုခန္းနဲ႔ ကုန္ေဈးႏႈန္းေတြျမင့္မားျခင္း၊ ကမ္းေျခသန္႔႐ွင္းမႈနည္းပါးျခင္းစတဲ့ အခ်က္ေတြပါဝင္ေၾကာင္း လာေရာက္ လည္ပတ္တဲ့ ဧည့္သည္ေတြက ေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သင်္ကြန်ကာလနီးလာပေမယ့် ငပလီကမ်းခြေကို လာရောက်လည်ပတ်သူတွေ နည်းပါးနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ် သင်္ကြန်ကာလနဲ့ နီးကပ်လာနေပြီဖြစ်ပေမယ့် ငပလီကမ်းခြေကို လာရောက်လည်ပတ်သူတွေဟာ အရင်နှစ်တွေကထက် သိသိသာသာနည်းပါး နေပါတယ်။

အခုလိုမျိုး ကမ်းခြေကို လာရောက်လည်ပတ်သူ နည်းပါးနေတာကြောင့် ပြည်တွင်းပြည်ပ ဧည့်သည်တွေကို မှီခိုနေကြတဲ့ ငပလီကမ်းခြေက ဒေသခံတွေဟာ အရောင်းအဝယ်အေးနေပြီး အခဲအခဲအချို့နဲ့ ရင်ဆိုင်နေရပါတယ်။

Soundbite – ဦးဝင်းကိုကို (ဆိုင်ပိုင်ရှင်)မေဃဝတီ (ကမ်းခြေစားသောက်ဆိုင်)

အရင်နှစ်တွေက အခုလိုသင်္ကြန်အကြိုကာလတွေမှာ ဧည့်သည်တွေဝင်ရောက်လာနေကြပြီဖြစ်ပေမယ့် အခုနှစ်မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ မောင်တောအကြမ်းဖက်မှုကြောင့် လာရောက်လည်ပတ်မှု ကျဆင်းခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Soundbite – ဦးဝင်းကိုကို (ဆိုင်ပိုင်ရှင်) မေဃဝတီ (ကမ်းခြေစားသောက်ဆိုင်)

ဒါ့အပြင် ငပလီကမ်းခြေကို လာရောက်အပမ်းဖြေသူ နည်းပါးသွားခဲ့ရတာဟာ ကမ်းခြေဝန်ဆောင်မှုအားနည်းခြင်း၊ ဟိုတယ်၊ တည်းခိုခန်းနဲ့ ကုန်ဈေးနှုန်းတွေမြင့်မားခြင်း၊ ကမ်းခြေသန့်ရှင်းမှုနည်းပါးခြင်းစတဲ့ အချက်တွေပါဝင်ကြောင်း လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေက ပြောပါတယ် ခင်ဗျား။