သၾကၤန္ကာလေနရပ္ျပန္မည့္သူမ်ား အခက္အခဲမရွိေစဖို႔ ေနျပည္ေတာ္မထသၾကိဳတင္စီမံထား(႐ုပ္/သံ)

0
747

မၾကာခင္က်ေရာက္ေတာ့မယ္ မဟာသၾကၤန္ကာလအတြင္းမွာ ေနရပ္ျပန္မယ့္သူေတြ အခက္အခဲမရွိေစဖုိ႔အတြက္ ေနျပည္ေတာ္မထသအေနနဲ႔ ၾကိဳတင္စီမံထားပါတယ္ ။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ခရီးသည္ေတြအေနနဲ႔ သၾကၤန္မတိုင္ခင္ ခရီးသြားလာဖုိ႔ ကားလက္မွတ္မရရွိတာေတြ၊ ေစ်းၾကီးျမင့္တာေတြ ႏွစ္စဥ္ျဖစ္ေပၚေလ့ရွိေပမယ့္ ေနျပည္ေတာ္မွာေတာ့ ေနျပည္ေတာ္မထသ ေပၚေပါက္တဲ့ ၂၀၀၈ ကေန စျပီး ၁၀ ႏွစ္အတြင္းမွာ အလားတူျပႆနာမ်ိဳးေတြျဖစ္ပြားျခင္းမရွိခဲ႔တာပါ ။
ေနျပည္ေတာ္မွာ အခုႏွစ္ သၾကၤန္ကာလအတြက္လည္း ေနရပ္ျပန္သူေတြအခက္အခဲမရွိေစဖုိ႔ ၾကိဳတင္စီစဥ္ထားတယ္လုိ႔ ေနျပည္ေတာ္မထသ ဥကၠ႒ ဦး၀င္းေဆြက ေျပာပါတယ္။

Soundbite – ဦး၀င္းေဆြ ( ဥကၠ႒၊ေနျပည္ေတာ္မထသ)

ဒါအျပင္ ကားလက္မွတ္ေတြေစ်းႏႈန္းတင္ျပီးေရာင္းခ်တာေတြ၊ေမွာင္ခိုေရာင္းခ်တာေတြ မျဖစ္ေစဖို႔အတြက္ ဧျပီလ ၁၂ ရက္နဲ႔ ၁၃ ရက္တုိ႔မွာ ေနျပည္ေတာ္မထသအေနနဲ႔ ကားေတြေပၚအထိ လုိက္လံစစ္ေဆးသြားဖို႔ရွိေနတာပါ ။ အဲ႔ဒီလိုလိုက္လံ စစ္ေဆးလို႔ စည္းကမ္းခ်ိဳးေဖာက္တာေတြေတြ႔ရရင္ အထက္အဆင့္ဆင့္ကို တင္ျပျပီး ေစ်းႏႈန္းျမွင့္တင္ေရာင္းခ်တဲ့ ကားလိုင္းေတြကုိ အေရးယူသြားမယ္လို႔လည္း ဦး၀င္းေဆြက ေျပာပါတယ္။

Soundbite – ဦး၀င္းေဆြ ( ဥကၠ႒၊ေနျပည္ေတာ္မထသ)

၂၀၀၈ ခုႏွစ္က စတင္ဖြဲ႔စည္းခဲ့တဲ့ ေနျပည္ေတာ္မထသလက္ေအာက္မွာ ေနျပည္ေတာ္အေျချပဳယာဥ္ ၂၅ သင္း၊အျခားတိုင္းေဒသၾကီးနဲ႔ ျပည္နယ္အေျချပဳယာဥ္ ၈၀ သင္း တုိ႔က ျမိဳ႕ၾကီး ၄၉ ျမိဳ႕ကို ေန႔စဥ္ ယာဥ္စီးေရ ၂၅၀ ကေန ၃၀၀ အထိ ေျပးဆြဲေပးေနတာျဖစ္ပါတယ္။ ေနျပည္ေတာ္က ေန သၾကၤန္ကာလ ေနရပ္ျပန္မယ့္သူေတြအတြက္ ကားလက္မွတ္ေတြကိုေတာ့ ဧျပီ ၇ ရက္နဲ႔ ၈ ရက္တုိ႔မွာ ၾကိဳတင္ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မကြာခင်ကျရောက်တော့မယ် မဟာသင်္ကြန်ကာလအတွင်းမှာ နေရပ်ပြန်မယ့်သူတွေ အခက်အခဲမရှိစေဖို့အတွက် နေပြည်တော်မထသအနေနဲ့ ကြိုတင်စီမံထားပါတယ် ။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ခရီးသည်တွေအနေနဲ့ သင်္ကြန်မတိုင်ခင် ခရီးသွားလာဖို့ ကားလက်မှတ်မရရှိတာတွေ၊ ဈေးကြီးမြင့်တာတွေ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပေမယ့် နေပြည်တော်မှာတော့ နေပြည်တော်မထသ ပေါ်ပေါက်တဲ့ ၂၀ဝ၈ ကနေ စပြီး ၁၀ နှစ်အတွင်းမှာ အလားတူပြဿနာမျိုးတွေဖြစ်ပွားခြင်းမရှိခဲ့တာပါ ။
နေပြည်တော်မှာ အခုနှစ် သင်္ကြန်ကာလအတွက်လည်း နေရပ်ပြန်သူတွေအခက်အခဲမရှိစေဖို့ ကြိုတင်စီစဉ်ထားတယ်လို့ နေပြည်တော်မထသ ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောပါတယ်။

Soundbite – ဦးဝင်းဆွေ ( ဥက္ကဋ္ဌ၊နေပြည်တော်မထသ)

ဒါအပြင် ကားလက်မှတ်တွေဈေးနှုန်းတင်ပြီးရောင်းချတာတွေ၊မှောင်ခိုရောင်းချတာတွေ မဖြစ်စေဖို့အတွက် ဧပြီလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ နေပြည်တော်မထသအနေနဲ့ ကားတွေပေါ်အထိ လိုက်လံစစ်ဆေးသွားဖို့ရှိနေတာပါ ။ အဲ့ဒီလိုလိုက်လံ စစ်ဆေးလို့ စည်းကမ်းချိုးဖောက်တာတွေတွေ့ရရင် အထက်အဆင့်ဆင့်ကို တင်ပြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချတဲ့ ကားလိုင်းတွေကို အရေးယူသွားမယ်လို့လည်း ဦးဝင်းဆွေက ပြောပါတယ်။

Soundbite – ဦးဝင်းဆွေ ( ဥက္ကဋ္ဌ၊နေပြည်တော်မထသ)

၂၀ဝ၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ နေပြည်တော်မထသလက်အောက်မှာ နေပြည်တော်အခြေပြုယာဉ် ၂၅ သင်း၊အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အခြေပြုယာဉ် ၈၀ သင်း တို့က မြို့ကြီး ၄၉ မြို့ကို နေ့စဉ် ယာဉ်စီးရေ ၂၅၀ ကနေ ၃၀ဝ အထိ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ နေပြည်တော်က နေ သင်္ကြန်ကာလ နေရပ်ပြန်မယ့်သူတွေအတွက် ကားလက်မှတ်တွေကိုတော့ ဧပြီ ၇ ရက်နဲ့ ၈ ရက်တို့မှာ ကြိုတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။