
0
39






သွင်းဂိုးစံချိန်ကို တိုက်စစ်မှူး ဟယ်ရီကိန်း ချိုးဖျက်နိုင်မယ်လို့ တိုက်စစ်မှူးဟောင်း ရွန်းနီဆို


အင်္ဂလန် အတွက် သွင်းယူခဲ့တဲ့သူရဲ့ သွင်းဂိုးစံချိန်ကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူး ရွန်းနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး ရွန်းနီဟာ အင်္ဂလန် အတွက် ဂိုးပေါင်း ၅၃ ဂိုးသွင်းယူထားပြီး အဲဒီစံချိန်ကို တိုက်စစ်မှူး ဟယ်ရီကိန်းက ချိုးဖျက်နိုင်ဖို့ အလားလာများနေတယ်လို့ ဆိုပါတယ်။


ဟယ်ရီကိန်း ဟာ အသက် ၂၆ နှစ် အရွယ်မှာ အင်္ဂလန် အတွက် ဂိုးပေါင်း ၂၆ ဂိုးသွင်းယူထားပြီး လာမယ့် နှစ် အနည်းငယ်အတွင်း သူရဲ့စံချိန်ကို ကျော်ဖြတ်သွားနိုင်မယ်လို့ ရွန်းနီကယုံကြည်နေပါတယ်။
ဟယ်ရီကိန်း ဟာလက်ရှိမှာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပြီး လာမယ့် ၃ နှစ်အတွင်း ဂိုးတွေအများ အပြား ထပ်သွင်းယူကာ အင်္ဂလန် အတွက်တင်ထားတဲ့သွင်းဂိုးစံချိန်တွေကို ချိုးဖျက်သွားနိုင်ဖွယ်ရှိတယ်လို့ ဒီစီယူနိုက်တက် တိုက်စစ်မှူး ရွန်းနီက ဆိုပါတယ်။


ဒါ့အပြင် အင်္ဂလန် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းပေးထားတဲ့ ဘော်ဘီချာလ်တန် ရဲ့ သွင်းဂိုးစံချိန်ဟာလည်း နှစ်ပေါင်း ၅၀ ကြာထိန်းသိမ်းနိုင်မှာမဟုတ်ဘဲ ချိုးဖျက်ခံရဖွယ်ရှိတယ်လို့ ရွန်းနီက သုံးသပ်ခဲ့ပါတယ်။