သံုးႏွစ္အတြင္း အလုပ္သမားအျငင္းပြားမႈေပါင္း ၉၀၀ ထဲက နစ္နာေၾကး သိန္း ကိုးေထာင္ရ႐ွိခဲ့

0
98

သံုးႏွစ္အတြင္း အလုပ္သမားအျငင္းပြားမႈေပါင္း ၉၀၀ ထဲက အလုပ္သမားနစ္နာေၾကး က်ပ္သိန္း ကိုးေထာင္ရရွိခဲ့တယ္လို႔ တို႔မ်ဳိးဆက္ကြန္ရက္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္း ေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

 အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈေတြမွာ ဥပေဒပါျပ႒ာန္းခ်က္ေတြနဲ႔ ခံုသမာဓိေကာင္စီရဲ႕ အမိန္႔ကို မလိုက္နာလို႔ အလုပ္ရွင္ဘက္က ေလ်ာ္ေၾကးေပးေဆာင္ေနေပမယ့္ မၾကာခဏျပန္လည္က်ဴးလြန္ ေနတဲ့အမႈေတြကို ကိုယ္စားလွယ္ေတြဘက္က ေျဖရွင္းေဆာင္ရြက္ေပးေနရတယ္လို႔ တို႔မ်ိဳးဆက္ကြန္ရက္က ေျပာပါတယ္။

အဲဒီလို အလုပ္ရွင္နဲ႔ အလုပ္သမားၾကား အျငင္းပြားမႈေတြထဲက တစ္ခ်ိဳ႕စက္႐ုံေတြမွာ အလုပ္သမားေတြကို အလုပ္ကေနထုတ္ပယ္တာ အႀကိမ္ ၂၀ ေက်ာ္ေလာက္ရွိတယ္လို႔လည္း ေျပာပါတယ္။ 

Soundbite ; ဦးနႏၵာစစ္ေအာင္(ဒါရိုက္တာ)

              တို႔မ်ဳိးဆက္ကြန္ယက္

အလုပ္သမားေတြရဲ႕ နစ္နာမႈေတြနဲ႔ပတ္သက္ၿပီး ဥပေဒအရ လုပ္ခလစာ၊ အခ်ိန္ပိုေၾကး၊ ခြင့္ရက္နဲ႔ အလုပ္ ပိတ္ရက္ EC စာခ်ဳပ္အရ ရပိုင္ခြင့္ မရရွိတာေတြကို လိုက္ပါ ေဆာင္ရြက္ေပးခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ အလုပ္သမားဥပေဒပါ စည္းကမ္းခ်က္ေတြကို အလုပ္ရွင္ေတြက ထပ္ခါထပ္ခါက်ဴးလြန္ေနေပမယ့္ ျပစ္ဒဏ္အျဖစ္ ေငြဒဏ္ဆယ္သိန္းနဲ႔သာ ေၾကေအးေပးေနရတယ္လို႔လည္းေျပာပါတယ္။

 Soundbite ; ဦးနႏၵာစစ္ေအာင္(ဒါရိုက္တာ)

              တို႔မ်ဳိးဆက္ကြန္ယက္

အလုပ္ရွင္၊ အလုပ္သမားအၾကား ျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ အမႈတြဲေတြ ေလ်ာ့နည္းလာတာမရွိဘဲ ကိုင္တြယ္ေျဖရွင္းရတဲ့ အပိုင္းမွာလည္း ပိုမိုခက္ခဲလာတယ္လို႔ တို႔မ်ိဳးဆက္ ကြန္ရက္က ေျပာပါတယ္။

ဒါ့အျပင္ ႏွစ္ေယာက္တစ္မႈ၊ သံုးေယာက္တစ္မႈ၊ ေလးေယာက္တစ္မႈေတြ ျဖစ္ပြားေနတဲ့  အလုပ္သမားအျငင္းပြား မႈေတြကို ေျဖရွင္းေပးေနရတာဟာ အရပ္ဖက္လူ႔အဖြဲ႕အစည္းရဲ႕ အျပန္အလွန္ထိန္းေက်ာင္းႏိုင္မႈေတြက အလုပ္ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္ရွင္။

သုံးနှစ်အတွင်း အလုပ်သမားအငြင်းပွားမှုပေါင်း ၉၀ဝ ထဲက အလုပ်သမားနစ်နာကြေး ကျပ်သိန်း ကိုးထောင်ရရှိခဲ့တယ်လို့ တို့မျိုးဆက်ကွန်ရက်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်း ထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေမှာ ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ ခုံသမာဓိကောင်စီရဲ့ အမိန့်ကို မလိုက်နာလို့ အလုပ်ရှင်ဘက်က လျော်ကြေးပေးဆောင်နေပေမယ့် မကြာခဏပြန်လည်ကျူးလွန် နေတဲ့အမှုတွေကို ကိုယ်စားလှယ်တွေဘက်က ဖြေရှင်းဆောင်ရွက်ပေးနေရတယ်လို့ တို့မျိုးဆက်ကွန်ရက်က ပြောပါတယ်။

အဲဒီလို အလုပ်ရှင်နဲ့ အလုပ်သမားကြား အငြင်းပွားမှုတွေထဲက တစ်ချို့စက်ရုံတွေမှာ အလုပ်သမားတွေကို အလုပ်ကနေထုတ်ပယ်တာ အကြိမ် ၂၀ ကျော်လောက်ရှိတယ်လို့လည်း ပြောပါတယ်။

Soundbite ; ဦးနန္ဒာစစ်အောင်(ဒါရိုက်တာ)
တို့မျိုးဆက်ကွန်ယက်

အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး ဥပဒေအရ လုပ်ခလစာ၊ အချိန်ပိုကြေး၊ ခွင့်ရက်နဲ့ အလုပ် ပိတ်ရက် EC စာချုပ်အရ ရပိုင်ခွင့် မရရှိတာတွေကို လိုက်ပါ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဥပဒေပါ စည်းကမ်းချက်တွေကို အလုပ်ရှင်တွေက ထပ်ခါထပ်ခါကျူးလွန်နေပေမယ့် ပြစ်ဒဏ်အဖြစ် ငွေဒဏ်ဆယ်သိန်းနဲ့သာ ကြေအေးပေးနေရတယ်လို့လည်းပြောပါတယ်။

Soundbite ; ဦးနန္ဒာစစ်အောင်(ဒါရိုက်တာ)
တို့မျိုးဆက်ကွန်ယက်

အလုပ်ရှင်၊ အလုပ်သမားအကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် အမှုတွဲတွေ လျော့နည်းလာတာမရှိဘဲ ကိုင်တွယ်ဖြေရှင်းရတဲ့ အပိုင်းမှာလည်း ပိုမိုခက်ခဲလာတယ်လို့ တို့မျိုးဆက် ကွန်ရက်က ပြောပါတယ်။

ဒါ့အပြင် နှစ်ယောက်တစ်မှု၊ သုံးယောက်တစ်မှု၊ လေးယောက်တစ်မှုတွေ ဖြစ်ပွားနေတဲ့ အလုပ်သမားအငြင်းပွား မှုတွေကို ဖြေရှင်းပေးနေရတာဟာ အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ အပြန်အလှန်ထိန်းကျောင်းနိုင်မှုတွေက အလုပ်ဖြစ်နေတယ်လို့လည်း ပြောပါတယ်ရှင်။