သံခ်ပ္ထိုးတာကို တရားစြဲျခင္းက ဒီမိုကေရစီ အေျခခံအဆင့္ကို လက္မခံႏိုင္ေသးတာ ျဖစ္

0
282

သံခ်ပ္နဲ႔ပတ္သက္တဲ့ တရားစြဲဆုိမႈေတြ အပါအဝင္ တပ္မေတာ္အေပၚ ေဝဖန္ေျပာဆုိေျပာဆုိျခင္းေၾကာင့္ အေရးယူထားမႈေတြကုိ အျမန္ဆုံး ျပန္လည္႐ုတ္သိမ္းေပးဖုိ႔ အသံအဖြဲ႕က အေလးအနက္ထား တုိက္တြန္း ေတာင္းဆုိလိုက္ပါတယ္။ သံခ်ပ္ထုိး ေဖ်ာ္ေျဖမႈကုိ တရားစြဲဆုိျခင္းဟာ ဒီမုိကေရစီစနစ္ရဲ႕ အေျခခံအဆင့္ကုိ လက္မခံနုိင္ေသးေၾကာင္း ေဖာ္ျပေနတာျဖစ္တယ္လုိ႔ အသံအဖြဲ႔ က ထုတ္ျပန္ထားပါတယ္။

ဒီကေန႔ေန႔စြဲနဲ႔ အသံအဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ သႀကၤန္ကာလအတြင္း သံခ်ပ္ထုိးေဖ်ာ္ေျဖမႈနဲ႔ ပတ္သက္ၿပီး ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ကုိ တပ္မေတာ္ဘက္က ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က)၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ တရားစြဲဆုိမႈနဲ႔ ဖမ္းဆီးထိန္းသိမ္းမႈေတြကုိ ဆက္တုိက္ ျပဳလုပ္လာတာကုိေတြ႕ ရွိရေေၾကာင္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြက သံခ်ပ္အဖြဲ႕ေတြကုိ ႀကိဳတင္စိစစ္နုိ္င္ဖုိ႔ ဆင္ဆာတင္ခုိင္းခဲ့ေပမယ့္ ဆင္ဆာမတင္ခဲ့တဲ့ သံခ်ပ္အဖြဲ႕ေတြကုိ အေရးယူျခင္း မရွိခဲ့ေၾကာင္းနဲ႔ အခုႏွစ္မွာ ဆင္ဆာမတင္တဲ့ သံခ်ပ္အဖြဲ႕ေတြကုိ အစုိးရက ဖိအားေပး မႈေတြ၊ သိသာတဲ့ ေနာက္ေယာင္ခံ ေစာင့္ၾကည့္မႈေတြအျပင္ ၿခိမ္းေျခာက္ရန္ရွာသူေတြကုိ တာဝန္မဲ့စြာ လ်စ္လ်ဴရႈထားမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သံချပ်ထိုးတာကို တရားစွဲခြင်းက ဒီမိုကရေစီ အခြေခံအဆင့်ကို လက်မခံနိုင်သေးတာ ဖြစ်

သံချပ်နဲ့ပတ်သက်တဲ့ တရားစွဲဆိုမှုတွေ အပါအဝင် တပ်မတော်အပေါ် ဝေဖန်ပြောဆိုပြောဆိုခြင်းကြောင့် အရေးယူထားမှုတွေကို အမြန်ဆုံး ပြန်လည်ရုတ်သိမ်းပေးဖို့ အသံအဖွဲ့က အလေးအနက်ထား တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ သံချပ်ထိုး ဖျော်ဖြေမှုကို တရားစွဲဆိုခြင်းဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအဆင့်ကို လက်မခံနိုင်သေးကြောင်း ဖော်ပြနေတာဖြစ်တယ်လို့ အသံအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့နေ့စွဲနဲ့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သင်္ကြန်ကာလအတွင်း သံချပ်ထိုးဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို တပ်မတော်ဘက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုမှုနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေကို ဆက်တိုက် ပြုလုပ်လာတာကိုတွေ့ ရှိရကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက သံချပ်အဖွဲ့တွေကို ကြိုတင်စိစစ်နိ်ုင်ဖို့ ဆင်ဆာတင်ခိုင်းခဲ့ပေမယ့် ဆင်ဆာမတင်ခဲ့တဲ့ သံချပ်အဖွဲ့တွေကို အရေးယူခြင်း မရှိခဲ့ကြောင်းနဲ့ အခုနှစ်မှာ ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့တွေကို အစိုးရက ဖိအားပေး မှုတွေ၊ သိသာတဲ့ နောက်ယောင်ခံ စောင့်ကြည့်မှုတွေအပြင် ခြိမ်းခြောက်ရန်ရှာသူတွေကို တာဝန်မဲ့စွာ လျစ်လျူရှုထားမှုတွေ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။