သေဘၤာသား ၂၄ ဦးပါ ကုန္တင္သေဘၤာ အင္ဒိုနီးရွားေရျပင္မွာ ေပ်ာက္ဆံုး

0
51

သေဘၤာသား ၂၄ ဦးပါ ကုန္တင္သေဘၤာ တစ္စီးဟာ အင္ဒိုနီးရွားႏုိင္ငံပိုင္ ေဝးလံတဲ့ မာလူကူကြ်န္းအနီး ေရျပင္မွာ ေပ်ာက္ဆံုးသြားတယ္လို႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက ေျပာပါတယ္။

သေဘၤာဟာ နီကယ္သတၱဳေတြ တင္ေဆာင္ထားၿပီး ဟယ္လ္မာေဟရာ ကြ်န္းကေန ဆူလာေဝဆီကို ခုတ္ေမာင္းစဥ္ ေပ်ာက္ဆံုးခဲ့တာပါ။ ၿပီးခဲ့တဲ့ သီတင္းပတ္က ေရဒီယိုအဆက္အသြယ္ ေနာက္ဆံုး ရရွိခဲ့ပါတယ္။ ေဝးလံတဲ့ကြ်န္းကို ေရာက္ဖို႔အတြက္ ျပင္းထန္တဲ့ ပင္လယ္ရာသီဥတု အေျခအေနက အဟန္႔အတား ျဖစ္ေစခဲ့ေၾကာင္း ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရး အႀကီးအကဲ မူစလီမင္ ဆာမိုင္ယာက ေျပာပါတယ္။

အသက္ကယ္ေလွ၊ ဒါမွမဟုတ္ သေဘၤာသား တစ္ဦးတစ္ေလရဲ႕ လကၡဏာကိုမွ မေတြ႔ရတာဟာ ထူးဆန္းေနတယ္လို႔ ဆာမိုင္ယာက ေျပာပါတယ္။ ကြ်န္းေပါင္း ၁၇၀၀၀ နဲ႔ ဖြဲ႔စည္းထားတဲ့ အင္ဒိုနီးရွားႏိုင္ငံဟာ ခရီးသြားလာဖို႔ ေလွနဲ႔ သေဘၤာေတြကို အားထားေနရပါတယ္။ ဒါေပမယ့္ လံုၿခံဳေရး စံသတ္မွတ္ခ်က္ အားနည္းမႈေၾကာင့္ ေရေၾကာင္း မေတာ္တဆမႈေတြ မၾကာခဏ ျဖစ္ေလ့ရွိပါတယ္။

သင်္ဘောသား ၂၄ ဦးပါ ကုန်တင်သင်္ဘော အင်ဒိုနီးရှားရေပြင်မှာ ပျောက်ဆုံး


သင်္ဘောသား ၂၄ ဦးပါ ကုန်တင်သင်္ဘော တစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံပိုင် ဝေးလံတဲ့ မာလူကူကျွန်းအနီး ရေပြင်မှာ ပျောက်ဆုံးသွားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။


သင်္ဘောဟာ နီကယ်သတ္တုတွေ တင်ဆောင်ထားပြီး ဟယ်လ်မာဟေရာ ကျွန်းကနေ ဆူလာဝေဆီကို ခုတ်မောင်းစဉ် ပျောက်ဆုံးခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ရေဒီယိုအဆက်အသွယ် နောက်ဆုံး ရရှိခဲ့ပါတယ်။ ဝေးလံတဲ့ကျွန်းကို ရောက်ဖို့အတွက် ပြင်းထန်တဲ့ ပင်လယ်ရာသီဥတု အခြေအနေက အဟန့်အတား ဖြစ်စေခဲ့ကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အကြီးအကဲ မူစလီမင် ဆာမိုင်ယာက ပြောပါတယ်။


အသက်ကယ်လှေ၊ ဒါမှမဟုတ် သင်္ဘောသား တစ်ဦးတစ်လေရဲ့ လက္ခဏာကိုမှ မတွေ့ရတာဟာ ထူးဆန်းနေတယ်လို့ ဆာမိုင်ယာက ပြောပါတယ်။ ကျွန်းပေါင်း ၁၇၀ဝ၀ နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ခရီးသွားလာဖို့ လှေနဲ့ သင်္ဘောတွေကို အားထားနေရပါတယ်။ ဒါပေမယ့် လုံခြုံရေး စံသတ်မှတ်ချက် အားနည်းမှုကြောင့် ရေကြောင်း မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။