သေဘၤာခ်င္း တိုက္မိၿပီး မေလးရွား ကပၸတိန္နဲ႔ ျမန္မာ သေဘၤာသားတစ္ဦး ေပ်ာက္ဆံုး

0
65

မေလးရွားႏိုင္ငံ၊ တန္ဂ်န္ ဂါဘန္ အေနာက္ပိုင္း ေရမိုင္ ၁၁ မိုင္ခြဲအကြာ၊ ကာေရးကြ်န္းကေန ေရမိုင္ ၈ မိုင္ေက်ာ္ အကြာမွာ စက္တင္ဘာလ ၈ ရက္ေန႔က ငါးဖမ္းသေဘၤာနဲ႔ ကုန္တင္သေဘၤာတို႔ တိုက္မိၿပီးေနာက္ မေလးရွား ကပၸတိန္တစ္ဦးနဲ႔ ျမန္မာ သေဘၤာသားတစ္ဦး ေပ်ာက္ဆံုးေနပါတယ္။

ကုန္တင္သေဘၤာဟာ မနက္ ၂ နာရီအခ်ိန္မွာ ငါးဖမ္းသေဘၤာကို တိုက္မိတာလို႔ ဆီလန္ေဂါ ေရေၾကာင္း ညႊန္ၾကားေရးမွဴး ကပၸတိန္ မိုဟာမက္ ႐ိုစလီ ကက္ဆင္က ေျပာပါတယ္။ ငါးဖမ္းသေဘၤာမွာ သေဘၤာ ကပၸတိန္နဲ႔ ျမန္မာ သေဘၤာသား သံုးဦး ပါရွိပါတယ္။ 

ငါးဖမ္းသေဘၤာဟာ ကုန္တင္သေဘၤာနဲ႔ တိုက္မိၿပီး သေဘၤာထဲကို ေရေတြ ဝင္ေရာက္လာလို႔ ကပၸတိန္နဲ႔ သေဘၤာသား သံုးဦးဟာ ေရထဲကို ခုန္ခ်ခဲ့ေၾကာင္း၊ ျမန္မာ သေဘၤာသား ႏွစ္ဦးကို အနီးကေန ျဖတ္သြားတဲ့ ငါးဖမ္းသေဘၤာ တစ္စီးက ကယ္တင္ႏိုင္ခဲ့ေၾကာင္း မစၥာ ကက္ဆင္က ေျပာပါတယ္။ ေပ်ာက္ဆံုးေနတဲ့ မေလးရွား ကပၸတိန္နဲ႔ ျမန္မာ သေဘၤာသား တစ္ဦးတို႔ကို ဆက္လက္ ရွာေဖြေနဆဲ ျဖစ္ပါတယ္။

သင်္ဘောချင်း တိုက်မိပြီး မလေးရှား ကပ္ပတိန်နဲ့ မြန်မာ သင်္ဘောသားတစ်ဦး ပျောက်ဆုံး


မလေးရှားနိုင်ငံ၊ တန်ဂျန် ဂါဘန် အနောက်ပိုင်း ရေမိုင် ၁၁ မိုင်ခွဲအကွာ၊ ကာရေးကျွန်းကနေ ရေမိုင် ၈ မိုင်ကျော် အကွာမှာ စက်တင်ဘာလ ၈ ရက်နေ့က ငါးဖမ်းသင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့ တိုက်မိပြီးနောက် မလေးရှား ကပ္ပတိန်တစ်ဦးနဲ့ မြန်မာ သင်္ဘောသားတစ်ဦး ပျောက်ဆုံးနေပါတယ်။


ကုန်တင်သင်္ဘောဟာ မနက် ၂ နာရီအချိန်မှာ ငါးဖမ်းသင်္ဘောကို တိုက်မိတာလို့ ဆီလန်ဂေါ ရေကြောင်း ညွှန်ကြားရေးမှူး ကပ္ပတိန် မိုဟာမက် ရိုစလီ ကက်ဆင်က ပြောပါတယ်။ ငါးဖမ်းသင်္ဘောမှာ သင်္ဘော ကပ္ပတိန်နဲ့ မြန်မာ သင်္ဘောသား သုံးဦး ပါရှိပါတယ်။


ငါးဖမ်းသင်္ဘောဟာ ကုန်တင်သင်္ဘောနဲ့ တိုက်မိပြီး သင်္ဘောထဲကို ရေတွေ ဝင်ရောက်လာလို့ ကပ္ပတိန်နဲ့ သင်္ဘောသား သုံးဦးဟာ ရေထဲကို ခုန်ချခဲ့ကြောင်း၊ မြန်မာ သင်္ဘောသား နှစ်ဦးကို အနီးကနေ ဖြတ်သွားတဲ့ ငါးဖမ်းသင်္ဘော တစ်စီးက ကယ်တင်နိုင်ခဲ့ကြောင်း မစ္စာ ကက်ဆင်က ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ မလေးရှား ကပ္ပတိန်နဲ့ မြန်မာ သင်္ဘောသား တစ်ဦးတို့ကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။