သူလွ်ဳိလုပ္တာေၾကာင့္ စာေရးဆရာတစ္ဦးကို တရုတ္ အစိုးရ ဖမ္းဆီး

0
69

ၾသစေၾတးလ်ႏိုင္ငံသား တ႐ုတ္လူမ်ဳိး စာေရးဆရာတစ္ေယာက္ကို တရုတ္အစိုးရက သူလွ်ဳိလုပ္မႈ နဲ႔ ဖမ္းဆီးထားတယ္လုိ႔ ၾသစေၾတးလ်က ေျပာပါတယ္။ 

စာေရးဆရာ ရန္ဟိန္ကၽြင္း ဟာ ဇန္န၀ါရီလတည္းက တရုတ္ႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံရၿပီး သူ႕အတြက္ စိုးရိမ္မိေၾကာင္း၊ ခက္ခဲတဲ့ အေျခေနမ်ိဳးေတြ႐ွိေနေၾကာင္း  ၾသစေၾတးလ်က ဆုိပါတယ္။

စာေရးဆရာကိုအျမန္ဆံုး ျပန္လႊတ္ေပးဖုိ႔ ၾသစေၾတးလ် ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ေတာင္းဆုိထားပါတယ္။  စာေရးဆရာကို စြဲခ်က္ ထပ္မတင္ဘဲ ၇ လၾကာ ဖမ္းဆီးထိန္းသိမ္းထားမႈအေပၚ စိုးရိမ္မိေၾကာင္း ၾသစေၾတးလ် ႏိုင္ငံျခားေရး၀န္ႀကီး က ေျပာပါတယ္။

သူလျှိုလုပ်တာကြောင့် စာရေးဆရာတစ်ဦးကို တရုတ် အစိုးရ ဖမ်းဆီး

သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး စာရေးဆရာတစ်ယောက်ကို တရုတ်အစိုးရက သူလျှိုလုပ်မှု နဲ့ ဖမ်းဆီးထားတယ်လို့ သြစတြေးလျက ပြောပါတယ်။

စာရေးဆရာ ရန်ဟိန်ကျွင်း ဟာ ဇန်နဝါရီလတည်းက တရုတ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး သူ့အတွက် စိုးရိမ်မိကြောင်း၊ ခက်ခဲတဲ့ အခြေနေမျိုးတွေရှိနေကြောင်း သြစတြေးလျက ဆိုပါတယ်။

စာရေးဆရာကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။ စာရေးဆရာကို စွဲချက် ထပ်မတင်ဘဲ ၇ လကြာ ဖမ်းဆီးထိန်းသိမ်းထားမှုအပေါ် စိုးရိမ်မိကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။