
0
201




သီပေါမြို့နယ်မှာ ရှင်သာမဏေ အပါး ၂၀ ကျော် အစာအဆိပ်သင့်လို့ ဆေးရုံတင်ထားရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာမှာ ရှင်သာမဏေပါး ၂၀ ကျော် အစာအဆိပ်သင့်လို့ ဆေးရုံတင်ထားရပါတယ်။

ဇွန်လ ၁၇ ရက်မှာ ကျင်သီဘုန်းကြီးကျောင်းက ရှင်သာမဏေတွေဟာ နေ့ဆွမ်းစားပြီးတဲ့နောက် ညနေပိုင်းမှာ ကိုယ်ပူ၊ အဖျားတက်ပြီး အထက်လန်အောက်လျှော ဖြစ်ခဲ့တာကြောင့် သီပေါဆေးရုံကို ပို့ဆောင်ခဲ့ရတာပါ။

ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ ရှင်သာမဏေတွေ ပြန်လည် သက်သာလာပြီ ဖြစ်ပေမယ့် သီပေါ ဆေးရုံကတော့ ဆေးရုံဆင်းခွင့် မပေးသေးပါဘူး။