သီလဝါေဒသခံတေြ စက္မႈဇုံေတြမွာ အလုပ္အကိုင္ရ႐ွိမႈနည္းပါးေန

0
53

သီလ၀ါ ေဒသခံေတြ စက္မႈဇုံေတြမွာ အလုပ္အကိုင္ရရွိမႈနည္းပါးေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္ ။ဒီသတင္းကို MCN သတင္းေထာက္ ၿဖိဳးမင္းပိုင္က ေပးပို႔ထားပါတယ္။

သီလ၀ါအထူးစီးပြားေရးဇုံေၾကာင့္ ေဒသခံေတာင္သူလယ္သမားေတြ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ ဆုံးရႈံးခဲ့ရၿပီး စက္မႈဇုံတြင္းက ကုမၸဏီေတြမွာ အလုပ္အကုိင္အခြင့္အလမ္းရရွိဖုိ႔   အစိုးရက ကတိေပးထားေပမယ့္ လက္ေတြမွာ ေဒသခံေတြ အလုပ္အကုိင္ရရွိမႈနည္းပါးေနေသးတယ္လုိ႔ ေဒသခံ လယ္သမားေတြက ေျပာပါတယ္ ။

ၾသဂုတ္လ၊ ၂၁ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ေတာ္၀င္ႏွင္းဆီခန္းမမွာ သီလ၀ါေဒသခံလယ္သမားေတြ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တာပါ။

SoundBite: ဦးေအးခိုင္၀င္း (ေဒသခံလယ္သမား)

အခုလုိ အလုပ္အကိုင္မရရွိရျခင္းဟာ ေဒသခံေတြရဲ႕ ပညာအရည္အခ်င္း  အားနည္းခ်က္ ေတြေၾကာင့္ ေန႔စား အလုပ္သမားေတြအျဖစ္သာ လုပ္ကိုင္ေနရတာပါ။

သီလ၀ါအထူးစီးပြားေရးဇုံ (A)မွာ  အိမ္ေထာင္စု ၈၁ စုရွိတဲ့အထဲက လူဦးေရ ၁၆ ဦးေက်ာ္သာ အလုပ္ရရွိၿပီး ၉ ဦးသာ ဆက္လက္လုပ္ကိုင္ေနတယ္လို႔ လယ္သမား တက္ႀကြလႈပ္ရွား သူက ေျပာပါတယ္ ။

SoundBite: ဦးေက်ာ္တင့္ (လယ္သမားအေရးတက္ၾကြလႈပ္ရွားသူ)

သီလ၀ါအထူးစီးပြားေရးဇုံရဲ႕ ေျပာင္းေရႊ႕ေနရာခ်ထားမႈနဲ႔ သက္ဆိုင္တဲ့ လူမႈစီးပြား အက်ိဳးသက္ေရာက္မႈစစ္တမ္းမွာ  ေျပာင္းေရႊ႕ၿပီးတဲ့ အိမ္ေထာင္စုေတြထဲက အမ်ိဳးသား႕ ၉၃.၇ ရာခိုင္ႏႈန္းဟာ အလုပ္အကုိင္မရရွိေသးတဲ့သလုိ အမ်ိဳးသမီးေတြကေတာ့ ၇၆.၄ ရာခိုင္ႏႈန္း ကလည္း အလုပ္အကိုင္မရရွိေသးတာျဖစ္ပါတယ္ခင္ဗ်ာ။

သီလဝါ ဒေသခံတွေ စက်မှုဇုံတွေမှာ အလုပ်အကိုင်ရရှိမှုနည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။

သီလဝါအထူးစီးပွားရေးဇုံကြောင့် ဒေသခံတောင်သူလယ်သမားတွေ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရပြီး စက်မှုဇုံတွင်းက ကုမ္ပဏီတွေမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ အစိုးရက ကတိပေးထားပေမယ့် လက်တွေမှာ ဒေသခံတွေ အလုပ်အကိုင်ရရှိမှုနည်းပါးနေသေးတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

သြဂုတ်လ၊ ၂၁ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမမှာ သီလဝါဒေသခံလယ်သမားတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

SoundBite: ဦးအေးခိုင်ဝင်း (ဒေသခံလယ်သမား)

အခုလို အလုပ်အကိုင်မရရှိရခြင်းဟာ ဒေသခံတွေရဲ့ ပညာအရည်အချင်း အားနည်းချက် တွေကြောင့် နေ့စား အလုပ်သမားတွေအဖြစ်သာ လုပ်ကိုင်နေရတာပါ။

သီလဝါအထူးစီးပွားရေးဇုံ (A)မှာ အိမ်ထောင်စု ၈၁ စုရှိတဲ့အထဲက လူဦးရေ ၁၆ ဦးကျော်သာ အလုပ်ရရှိပြီး ၉ ဦးသာ ဆက်လက်လုပ်ကိုင်နေတယ်လို့ လယ်သမား တက်ကြွလှုပ်ရှား သူက ပြောပါတယ် ။

SoundBite: ဦးကျော်တင့် (လယ်သမားအရေးတက်ကြွလှုပ်ရှားသူ)

သီလဝါအထူးစီးပွားရေးဇုံရဲ့ ပြောင်းရွှေ့နေရာချထားမှုနဲ့ သက်ဆိုင်တဲ့ လူမှုစီးပွား အကျိုးသက်ရောက်မှုစစ်တမ်းမှာ ပြောင်းရွှေ့ပြီးတဲ့ အိမ်ထောင်စုတွေထဲက အမျိုးသား့ ၉၃.၇ ရာခိုင်နှုန်းဟာ အလုပ်အကိုင်မရရှိသေးတဲ့သလို အမျိုးသမီးတွေကတော့ ၇၆.၄ ရာခိုင်နှုန်း ကလည်း အလုပ်အကိုင်မရရှိသေးတာဖြစ်ပါတယ်ခင်ဗျာ။