သီရိလကၤာ ေရတပ္သေဘၤာ ႏွစ္စီး ျမန္မာႏိုင္ငံကို လာမယ္

0
59

သီရိလကၤာ ေရတပ္ သေဘၤာ ႏွစ္စီးဟာ ေလ့က်င့္ေရးခရီးစဥ္အတြင္း ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔ရဲ႕ ဆိပ္ကမ္းေတြကို ဝင္ေရာက္မွာ ျဖစ္တယ္လို႔ ေရတပ္ မီဒီယာ တပ္စုက ေျပာပါတယ္။

ကမ္းလြန္ ကင္းလွည့္ရင္ SLNS ဆာယူရာနဲ႔ လက္နက္တင္ အျမန္ယာဥ္ SLNS နႏၵီမစ္ထရာတို႔ဟာ ထရီကိုမာလီ ဆိပ္ကမ္းကေန ၾသဂုတ္လ ၂၂ ရက္ေန႔မွာ စတင္ထြက္ခြာလာၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ စစ္တေကာင္း ဆိပ္ကမ္းကို အရင္ ဝင္ေရာက္မွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ရန္ကုန္ဆိပ္ကမ္းကို ဆက္လက္ ထြက္ခြာမွာပါ။ သေဘၤာေပၚမွာ ေရတပ္အရာရွိ သင္တန္းသားေတြ ပါလာမွာ ျဖစ္ပါတယ္။

သီရိလကၤာ သေဘၤာ ႏွစ္စီးဟာ ဘဂၤလားေဒ့ရွ္မွာ ၾသဂုတ္လ ၂၆ ရက္ကေန ၂၉ ရက္အထိ၊ ျမန္မာႏိုင္ငံမွာ စက္တင္ဘာလ ၁ ရက္ေန ၄ ရက္ေန႔အထိ ဆိုက္ကပ္မွာ ျဖစ္ပါတယ္။ ဆိပ္ကပ္စဥ္ ကာလအတြင္း သက္ဆိုင္ရာ ႏိုင္ငံက ေရတပ္ဖြဲ႔ေတြနဲ႔ ေလ့က်င့္ေရးေတြ လုပ္ေဆာင္ဖုိ႔ ရွိပါတယ္။

<<<<<>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာ ရေတပ်သင်္ဘော နှစ်စီး မြန်မာနိုင်ငံကို လာမယ်

သီရိလင်္ကာ ရေတပ် သင်္ဘော နှစ်စီးဟာ လေ့ကျင့်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ ဆိပ်ကမ်းတွေကို ဝင်ရောက်မှာ ဖြစ်တယ်လို့ ရေတပ် မီဒီယာ တပ်စုက ပြောပါတယ်။

ကမ်းလွန် ကင်းလှည့်ရင် SLNS ဆာယူရာနဲ့ လက်နက်တင် အမြန်ယာဉ် SLNS နန္ဒီမစ်ထရာတို့ဟာ ထရီကိုမာလီ ဆိပ်ကမ်းကနေ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဆိပ်ကမ်းကို အရင် ဝင်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်ဆိပ်ကမ်းကို ဆက်လက် ထွက်ခွာမှာပါ။ သင်္ဘောပေါ်မှာ ရေတပ်အရာရှိ သင်တန်းသားတွေ ပါလာမှာ ဖြစ်ပါတယ်။

သီရိလင်္ကာ သင်္ဘော နှစ်စီးဟာ ဘင်္ဂလားဒေ့ရှ်မှာ သြဂုတ်လ ၂၆ ရက်ကနေ ၂၉ ရက်အထိ၊ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ ၄ ရက်နေ့အထိ ဆိုက်ကပ်မှာ ဖြစ်ပါတယ်။ ဆိပ်ကပ်စဉ် ကာလအတွင်း သက်ဆိုင်ရာ နိုင်ငံက ရေတပ်ဖွဲ့တွေနဲ့ လေ့ကျင့်ရေးတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။