
0
24




သီဆိုကခုန်တာတွေကို စွန့်လွှတ်ချင်နတဲ့ အဆိုတော် ခရစ္စတယ်


တောင်ကိုရီးယား အမျိုးသမီးအဆိုတော် ခရစ္စတယ်က သီဆိုကခုန်တဲ့ အလုပ်တွေကို စွန့်လွှတ်လိုပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ခရစ္စတယ်ဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို ထည့်သွင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ တေးသီးချင်းသီဆိုတာတွေ၊ သီချင်းနဲ့အတူ ကခုန်တာတွေ မလုပ်လိုတော့ဘူးလို့ ခရစ္စတယ်က ပြောပါတယ်။


လုပ်ချင်တဲ့အရာတွေ များနေပြီး ဘာလုပ်ရမယ်ဆိုတာကို အတိအကျ မသိသေးကြောင်း၊ တေးသီချင်းတွေ သီဆိုကခုန် တာမျိုးတွေလည်း ထပ်မလုပ်ချင်တော့ဘူးလို့ ခရစ္စတယ်က ပြောပါတယ်။ ခရစ္စတယ်ဟာ အဆိုတော် ဘဝကနေ သရုပ်ဆောင်လုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။