သာစည် လက်နက်မှုနဲ့ ဆက်စပ်ပြီး မြဝတီမြို့မှာ ဖောက်ခွဲရေး ပစ္စည်းတွေ ထပ်မိ

0
240

မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာ ဖမ်းမိခဲ့တဲ့ မောင်းပြန်သေနတ် ၂၂ လက်နဲ့ ဆက်စပ်ပြီး နောက်ဆုံး ဖမ်းဆီးရမှုအဖြစ် မြဝတီမြို့မှာ TNT ယမ်းတောင့် ၁၀၀၊ ဒီတိုနေတာ ၁၆ ခု၊ ယမ်းကြိုးခွေ ၄ ခွေတို့ကို မနေ့က ဇူလိုင်လ ၂၅ ရက်နေ့မှာ သိမ်းဆည်းရမိခဲ့ပါတယ်။

မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၁၄) ဂိတ်အဝင်လမ်း ဆောက်လက်စ ဓမ္မာရုံ အနောက်ဘက် ဝါးရုံတောထဲမှာ မြှုပ်ပြီး ဝှက်ထားတာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။