သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးကို တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္

0
412

တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးျမင့္ေမာင္ကို တိုင္းေဒသႀကီး အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္တာဝန္ေပးလိုက္ေၾကာင္း ႏိုင္ငံေတာ္သမၼတရံုးက မတ္ ၂၂ ရက္ေန႔မွာ ထုတ္ျပန္ေၾကာညာခဲ႔ပါတယ္။

လစ္လပ္ေနတဲ႔ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေနရာမွာ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူထားတဲ႔ သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးျမင့္ေမာင္ကို တနသၤာရီတိုင္းေဒသႀကီး လႊတ္ေတာ္မွာ ႏိုင္ငံေတာ္သမၼတက ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္ဖို႔ အမည္စာရင္း တင္သြင္းခဲ႔တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၂၆၁၊ ပုဒ္မခြဲ (ဂ)၊ ပုဒ္မ ၂၆၄၊ ပုဒ္မခြဲ(ဂ)၊ ျပည္ေထာင္စု အစိုးရအဖြဲ႔ဥပေဒ ပုဒ္မ ၈၂၊ ပုဒ္မခြဲ (က) နဲ႔ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႔ ဥပေဒ ပုဒ္မ ၅၆၊ ပုဒ္မခြဲ(က)တို႔ပါ ျပဌာန္းခ်က္ေတြအရ တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖြဲ႔ သယံဇာတႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးျမင့္ေမာင္ကို တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္တာဝန္ေပးလိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြောညာခဲ့ပါတယ်။

လစ်လပ်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာမှာ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာ နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (က) နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်တွေအရ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။