သယံဇာတစီမံခန္႔ခြဲမႈနဲ႔ ပတ္သတ္ၿပီး ႏိုင္ငံ့စီးပြားေရးမွာ ျခစားမႈေတြကို ထိန္းခ်ဳပ္ဖို႔လိုအပ္

0
89

သယံဇာတ စီမံခန္႔ခြဲမႈနဲ႔ ပတ္သက္ၿပီး နုိင္ငံပုိင္စီးပြားေရးလုပ္ငန္းေတြမွာ အက်င္႔ပ်က္ျခစားမႈေတြ ထိန္းခ်ဳပ္ဖုိ႔ လုိအပ္ေနၿပီလုိ႔ ျမန္မာႏုိင္ငံ ပြင္႔လင္းျမင္သာမႈနဲ႔ တာဝန္ယူမႈဆုိင္ရာ အရပ္ဘက္ မဟာမိတ္အဖြဲ႔က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္သႏၱာမုိးကေပးပုိ႔ထားပါတယ္။

သဘာဝ သယံဇာတထုတ္ယူမႈ ပြင္႔လင္းျမင္သာမႈအဖြဲ႔ Extractive Industries Transparency Initiative EITI ရဲ႕ ၂၀၁၄ -၂၀၁၅နဲ႔ ၂၀၁၅-၂၀၁၆ ခုႏွစ္က ျပဳလုပ္ထားတဲ႔ အစီရင္ခံစာကုိ ကုိးကားၿပီး မွားယြင္းေသာ သယံဇာတစီမံခန္႔ခြဲမႈက အက်င္႔ပ်က္ျခစားမႈနဲ႔ သယံဇာတက်ိန္စာကုိ ျဖစ္ေပၚေစခဲ႔သလား အစီရင္ခံစာကုိ စက္တင္ဘာလ ၁၉ ရက္ေန႔က ထုတ္ျပန္လုိက္ပါတယ္။

အဲဒီထုတ္ျပန္ခ်က္မွာ ပါဝင္တဲ႔ သယံဇာတစီမံခန္႔ခြဲမႈနဲ႔ပတ္သက္ၿပီး နုိင္ငံပုိင္စီးပြားေရးလုပ္ငန္းေတြမွာ အက်င္႔ပ်က္ျခစားမႈေတြက အမ်ားဆုံးျဖစ္ေနၿ႔ပီး အခြန္ရရွိမႈေတြကလည္း နည္းပါးေနတာေၾကာင္႔ ျပည္သူလူထု နဲ႔တကြ အားလုံးပူးေပါင္း ထိန္းခ်ဳပ္ဖုိ႔ လုိအပ္ေနၿပီလုိ႔ ျမန္မာႏုိင္ငံပြင္႔လင္းျမင္သာမႈနဲ႔ တာဝန္ယူမႈဆုိင္ရာ အရပ္ဘက္ မဟာမိတ္ အဖြဲ႔ ကေျပာပါတယ္။

ရန္ကုန္ၿမဳိ႕ Orchid Hotel မွာ မွားယြင္းေသာ သယံဇာတစီမံခန္႔ခြဲမႈက အက်င္႔ပ်က္ျခစားမႈနဲ႔ သယံဇာတက်ိန္စာကုိ ျဖစ္ေပၚေစခဲ႔သလား အစီရင္ခံစာ ထုတ္ျပန္ခဲ့တာပါ။ 

Soundbite ေဒၚမုိးမုိးထြန္း (သုံးပြင္႔ဆုိင္ညႊန္႔ေပါင္းအဖြဲ႔ အရပ္ဘက္ကုိယ္စားလွယ္)

ျမန္မာႏုိင္ငံပြင္႔လင္းျမင္သာမႈနဲ႔ တာဝန္ယူ မႈဆုိင္ရာ အရပ္ဘက္ မဟာမိတ္ အဖြဲ႔ (MATA)

သယံဇာတေတြကုိ လုပ္ကုိင္ေနတဲ႔ နုိင္ငံပုိင္စီးပြားေရးလုပ္ငန္းေတြကုိ ျပည္သူလူထုအေနနဲ႔ မသိရွိေသးတာေတြ ရွိေနတာေၾကာင္႔ သိခြင္႔ရွိဖုိ႔ လုိအပ္သလုိ ထုတ္ျပန္ေပးမွသာ ျပဳျပင္ေျပာင္းလဲေရးကုိ ျပည္သူေတြက ပူးေပါင္း လုပ္ေဆာင္နုိင္မွာျဖစ္တယ္လုိ႔ ေျပာပါတယ္။ 

Soundbite       ဦးရဲလင္းျမင္႔ (National Coordinator)

ျမန္မာႏုိင္ငံပြင္႔လင္းျမင္သာမႈနဲ႔ တာဝန္ယူ မႈဆုိင္ရာ အရပ္ဘက္ မဟာမိတ္ အဖြဲ႔ (MATA)

ဒါ့အျပင္ နုိင္ငံပုိင္စီးပြားေရးလုပ္ငန္းေတြက သယံဇာတ ထုတ္ယူမႈေတြကုိ စာခ်ဳပ္ခ်ဳပ္ဆုိမႈေတြမွာ ပြင္႔လင္းျမင္သာမႈမရွိတာေတြ၊ စာရင္းစားဇယား မွန္ကန္မႈမရွိတာေတြ၊ အခြန္အခလုံေလာက္စြာမရရွိတာေတြ၊ စတဲ႔ အက်င္႔ပ်က္ျခစားမႈေတြကအမ်ားဆုံးျဖစ္ေနတယ္လုိ႔ အဲဒီအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္ရွင္။

သယံဇာတ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှုတွေ ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။

သဘာဝ သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာမှုအဖွဲ့ Extractive Industries Transparency Initiative EITI ရဲ့ ၂၀၁၄ -၂၀၁၅နဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်က ပြုလုပ်ထားတဲ့ အစီရင်ခံစာကို ကိုးကားပြီး မှားယွင်းသော သယံဇာတစီမံခန့်ခွဲမှုက အကျင့်ပျက်ခြစားမှုနဲ့ သယံဇာတကျိန်စာကို ဖြစ်ပေါ်စေခဲ့သလား အစီရင်ခံစာကို စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ပါဝင်တဲ့ သယံဇာတစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှုတွေက အများဆုံးဖြစ်နြေ့ပီး အခွန်ရရှိမှုတွေကလည်း နည်းပါးနေတာကြောင့် ပြည်သူလူထု နဲ့တကွ အားလုံးပူးပေါင်း ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ ကပြောပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ မှားယွင်းသော သယံဇာတစီမံခန့်ခွဲမှုက အကျင့်ပျက်ခြစားမှုနဲ့ သယံဇာတကျိန်စာကို ဖြစ်ပေါ်စေခဲ့သလား အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

Soundbite ဒေါ်မိုးမိုးထွန်း (သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ အရပ်ဘက်ကိုယ်စားလှယ်)
မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ မှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ (MATA)

သယံဇာတတွေကို လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပြည်သူလူထုအနေနဲ့ မသိရှိသေးတာတွေ ရှိနေတာကြောင့် သိခွင့်ရှိဖို့ လိုအပ်သလို ထုတ်ပြန်ပေးမှသာ ပြုပြင်ပြောင်းလဲရေးကို ပြည်သူတွေက ပူးပေါင်း လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

Soundbite ဦးရဲလင်းမြင့် (National Coordinator)
မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ မှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ (MATA)

ဒါ့အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက သယံဇာတ ထုတ်ယူမှုတွေကို စာချုပ်ချုပ်ဆိုမှုတွေမှာ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ စာရင်းစားဇယား မှန်ကန်မှုမရှိတာတွေ၊ အခွန်အခလုံလောက်စွာမရရှိတာတွေ၊ စတဲ့ အကျင့်ပျက်ခြစားမှုတွေကအများဆုံးဖြစ်နေတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်ရှင်။