သမၼတ ေရြးေကာက္ပြဲမွာ အႏိုင္ရဖို ေမွ်ာ္လင့္ေနတဲ့ ဆိုင္အင္ဝမ္း

0
79

ထိုင္ဝမ္ သမၼတ ဆိုင္အင္ဝမ္း က ေနာက္ႏွစ္မွာ ျပဳလုပ္မယ့္ သမၼတ ေရြးေကာက္ပြဲမွာ ဒုတိယသက္တမ္းအျဖစ္ သူ အနိုင္ရမယ္လို႔ ေမၽွာ္မွန္းထားေၾကာင္း ထပ္မံေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ သူရဲ့ပါတီဟာ သမၼတေလာင္း ေရြးခ်ယ္မႈအေပၚ သေဘာထားကြဲလြဲမႈေတြ ရွိေနပါတယ္။ သူရဲ့ တာဝန္ ထမ္းေဆာင္မႈ သုံးႏွစ္ေျမာက္ ႏွစ္ပတ္လည္ အထိမ္းအမွတ္ပြဲမွာ တနလၤာေန႔က အခုလိုေျပာၾကား လိုက္တာျဖစ္ပါတယ္။

စစ္မႈထမ္းေတြနဲ႔ နိုင္ငံဝန္ထမ္းေတြအတြက္ ပင္စင္လစာနဲ႔ပတ္သက္ၿပီး ျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ ကမ္းလြန္ ေလအားလၽွပ္စစ္နဲ႔ ေရငုပ္သေဘၤာ တည္ေဆာက္မႈေတြလိုမ်ိဳး သူရဲ့ ေအာင္ျမင္မႈေတြအေပၚ သတင္းစာရွင္း လင္းပြဲ တစ္ခုမွာ အေလးေပး ေျပာၾကားခဲ့ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ့ ကုန္သြယ္ေရးဆိုင္ရာ အျငင္းပြားမႈေတြ ျဖစ္ေနတာကို အခြင့္ေကာင္းယူၿပီး ထိုင္ဝမ္လုပ္ပစၥည္းေတြကို ကမၻာကိုတင္ပို႔ဖို႔နဲ႔ ထိုင္ဝမ္ထုတ္လုပ္သူေတြရဲ့ ယွဥ္ၿပိဳင္နိုင္စြမ္းကို ျမႇင့္တင္ဖို႔ ဆႏၵရွိတယ္လို႔လည္း ေျပာခဲ့ပါတယ္။

သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို မျှော်လင့်နေတဲ့ ဆိုင်အင်ဝမ်း


ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်း က နောက်နှစ်မှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းအဖြစ် သူ အနိုင်ရမယ်လို့ မျှော်မှန်းထားကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။


ဒါပေမဲ့ သူရဲ့ပါတီဟာ သမ္မတလောင်း ရွေးချယ်မှုအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ သူရဲ့ တာဝန် ထမ်းဆောင်မှု သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲမှာ တနင်္လာနေ့က အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။


စစ်မှုထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေအတွက် ပင်စင်လစာနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကမ်းလွန် လေအားလျှပ်စစ်နဲ့ ရေငုပ်သင်္ဘော တည်ဆောက်မှုတွေလိုမျိုး သူရဲ့ အောင်မြင်မှုတွေအပေါ် သတင်းစာရှင်း လင်းပွဲ တစ်ခုမှာ အလေးပေး ပြောကြားခဲ့ပါတယ်။


အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ထိုင်ဝမ်လုပ်ပစ္စည်းတွေကို ကမ္ဘာကိုတင်ပို့ဖို့နဲ့ ထိုင်ဝမ်ထုတ်လုပ်သူတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့ ဆန္ဒရှိတယ်လို့လည်း ပြောခဲ့ပါတယ်။