
0
31




FILE PHOTO: U.S. President Donald Trump’s national security adviser John Bolton speaks during a press briefing at the White House in Washington, U.S., November 27, 2018. REUTERS/Kevin Lamarque/File Photo – RC17BF5EA180

သမ္မတ ဒေါ်နယ်ထရန့်က ဂျွန်ဘော်လ်တန်ရဲ့ နေရာအစားထိုးဖို့ လူ ငါးဦးကို စဉ်းစားနေ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ဂျွန်ဘော်လ်တန်ရဲ့ နေရာမှာ အစားထိုးဖို့ လူပုဂ္ဂိုလ်ငါးဦးကို စဉ်းစားနေကြောင်း ပြောပါတယ်။

လာမယ့် သီတင်းပတ်အတွင်းမှာ ဂျွန်ဘော်တန်ရဲ့နေရာမှာ အစားထိုးရွေးချယ်မှုကို ကြေညာသွားမယ် လို့ ဆိုပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အမေရိကန်မီဒီယာတွေမှာ ဖော်ပြခဲ့သူတွေကတော့ မြောက်ကိုရိးယားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဘရိုင်ယန်ဟွတ်ခ်၊ အငြိမ်းစား ကြည်းတပ်ဗိုလ်မှူး ကြီး Fox News၊ အစီအစဉ်တင်ဆက်သူ ဒေါက်ဂလပ်စ်မဂ္ဂရီဂေါ် တို့ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရန့်က ပြဿနာအများစုမှာ သဘောထားတင်းမာပြီး ဂျွန်ဘော်လ်တန် နဲ့ သဘောထားကွဲလွဲခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။