သမၼတ ဦးဝင္းျမင့္ ကေနဒါ သံအမတ္ႀကီးနဲ႔ စီးပြားေရးအပါအဝင္ တျခား က႑ေတြ ေဆြးေႏြး

0
68

တာဝန္ၿပီးဆံုးၿပီး ျပန္လည္ ထြက္ခြာေတာ့မယ့္ ျမန္မာႏိုင္ငံဆိုင္ရာ ကေနဒါႏုိင္ငံ သံအမတ္ႀကီး မစၥ ကာရင္ မက္ခ္အာသာကို ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က လက္ခံေတြ႔ဆံုခဲ့ၿပီး စီးပြားေရး အပါအဝင္ တျခားက႑ေတြကို ေဆြးေႏြးခဲ့ပါတယ္။

စက္တင္ဘာလ ၁၀ ရက္ေန႔ မနက္ပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္ ဧည့္ခန္းမေဆာင္မွာ လက္ခံေတြ႔ဆံုခဲ့ေၾကာင္း ႏုိင္ငံေတာ္သမၼတ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

ေဆြးေႏြးရာမွာ ျမန္မာ-ကေနဒါ ႏွစ္ႏုိင္ငံ ဆက္ဆံေရးနဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈ တိုးျမႇင့္ေရး၊ ျမန္မာႏုိင္ငံရဲ႕ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး၊ စီးပြားေရး ပိုမိုဖြံ႔ၿဖိဳးတိုးတက္ေရး၊ သဘာဝ ေဘးအႏၲရာယ္ကေန ျပန္လည္ ထူေထာင္ေရး၊ က်န္းမာေရး၊ အမ်ိဳးသမီးက႑ ဖြံ႔ၿဖိဳးတိုးတက္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ လူသားခ်င္း စာနာေထာက္ထားေရး စတဲ့ ႏွစ္ႏိုင္ငံအၾကား ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ေရးနဲ႔ စပ္လ်ဥ္းၿပီး ေဆြးေႏြးခဲ့ပါတယ္။

သမ္မတ ဦးဝင်းမြင့် ကနေဒါ သံအမတ်ကြီးနဲ့ စီးပွားရေးအပါအဝင် တခြား ကဏ္ဍတွေ ဆွေးနွေး


တာဝန်ပြီးဆုံးပြီး ပြန်လည် ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စ ကာရင် မက်ခ်အာသာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်ခံတွေ့ဆုံခဲ့ပြီး စီးပွားရေး အပါအဝင် တခြားကဏ္ဍတွေကို ဆွေးနွေးခဲ့ပါတယ်။


စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။


ဆွေးနွေးရာမှာ မြန်မာ-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ဘေးအန္တရာယ်ကနေ ပြန်လည် ထူထောင်ရေး၊ ကျန်းမာရေး၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ လူသားချင်း စာနာထောက်ထားရေး စတဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါတယ်။