သန္ေကာင္ေရာဂါ ကာကြယ္ေရးအသိပညာေပး လူထုလႈပ္ရွားမႈ စစ္ေတြမွာ ျပဳလုပ္

0
195

သန္ေကာင္ေရာဂါကာကြယ္ေရးအတြက္ ပတ္ဝန္းက်င္သန္႔ရွင္းေရး အသိပညာေပး လူထုလႈပ္ရွားမႈကို စစ္ေတြၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ဟာ တစ္ႏုိင္ငံလံုးအတုိင္းအတာမွာ သန္ေကာင္ေရာဂါျဖစ္ပြားမႈႏႈန္း ျမင့္မားတဲ့ ျပည္နယ္တစ္ခုျဖစ္ၿပီး သန္ေကာင္ေရာဂါကာကြယ္ေရးအတြက္ ပတ္ဝန္းက်င္သန္႔ရွင္းေရး အသိပညာေပး လူထုလႈပ္ရွားမႈကို ေမလ ၂၁ ရက္ေန႔က စစ္ေတြၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။

က်န္းမာေရးဌာနအေနနဲ႔ ႏွစ္စဥ္ ျပည္နယ္နဲ႔တိုင္းအလိုက္ လုပ္ငန္းဆန္းစစ္မႈေတြ ျပဳလုပ္တဲ့အခါမွာ ရခုိင္ျပည္နယ္ဟာ ယင္လုံအိပ္သာ ရာခိုင္ႏႈန္းနည္းပါးမႈနဲဲ႔ ေရေကာင္းေရသန္႔ ရရွိေရးမွာ လုိအပ္ခ်က္ေတြရွိေနခဲ့တာေၾကာင့္ သန္ေကာင္ ေရာဂါနဲ႔ မသန္႔ရွင္းမႈေၾကာင့္ ျဖစ္ပြားတဲ့ ေရာဂါေတြကို ပိုမိုျဖစ္ပြားေနရတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ေဒါက္တာျဖဴျဖဴေအး (ညႊန္ၾကားေရးမွဴး)

    က်န္းမာေရးအသိပညာျမွင့္တင္ေရးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန

ပတ္ဝန္းက်င္သန္႔ရွင္းေရးနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္က်န္းမာေရးဌာနရဲ႕ သုေတသနျပဳခ်က္ေတြအရ ေက်းလက္ ေဒသေတြမွာ ယင္လံုအိမ္သာ သံုးစြဲမႈနည္းပါးတာေၾကာင့္ျဖစ္ၿပီး အဲ့ဒီအေလ့အထေတြကို က်င့္သံုးတတ္လာေအာင္ ႀကိဳးစားေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

အင္တာဗ်ဴး – ေဒါက္တာၾကည္လြင္ (ဌာနမွဴး)

    ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ရခိုင္ျပည္နယ္

ရခိုင္ျပည္နယ္က်န္းမာေရးဌာနအေနနဲ႔ သန္ေကာင္ေရာဂါအပါအဝင္ ဝမ္းေလွ်ာဝမ္းပ်က္ စတဲ့ ေရာဂါျဖစ္ပြားမႈႈေတြကို ေလွ်ာ့ခ်ႏုိင္ေရးအတြက္ စစ္ေတြ၊ ေပါက္ေတာ၊ မင္းျပားၿမိဳ႕နယ္ေတြမွာ ယင္လံုအိမ္သာ သံုးစြဲမႈျမွင့္တင္ေရးနဲ႔ ပတ္ဝန္းက်င္သန္႔ရွင္းေရးေတြကို ဦးစားေပးေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴးက ေျပာပါတယ္ ခင္ဗ်ား။

သန်ကောင်ရောဂါကာကွယ်ရေးအတွက် အသိပကညာပေး လူထုလှုပ်ရှားမှု စစ်တွေမှာ ပြုလုပ်


သန်ကောင်ရောဂါကာကွယ်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေး လူထုလှုပ်ရှားမှုကို စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။


ရခိုင်ပြည်နယ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာမှာ သန်ကောင်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး သန်ကောင်ရောဂါကာကွယ်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေး လူထုလှုပ်ရှားမှုကို မေလ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပါတယ်။


ကျန်းမာရေးဌာနအနေနဲ့ နှစ်စဉ် ပြည်နယ်နဲ့တိုင်းအလိုက် လုပ်ငန်းဆန်းစစ်မှုတွေ ပြုလုပ်တဲ့အခါမှာ ရခိုင်ပြည်နယ်ဟာ ယင်လုံအိပ်သာ ရာခိုင်နှုန်းနည်းပါးမှုနဲ့ ရေကောင်းရေသန့် ရရှိရေးမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် သန်ကောင် ရောဂါနဲ့ မသန့်ရှင်းမှုကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေကို ပိုမိုဖြစ်ပွားနေရတာဖြစ်ပါတယ်။


အင်တာဗျူး – ဒေါက်တာဖြူဖြူအေး (ညွှန်ကြားရေးမှူး)
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ကျန်းမာရေးဌာနရဲ့ သုတေသနပြုချက်တွေအရ ကျေးလက် ဒေသတွေမှာ ယင်လုံအိမ်သာ သုံးစွဲမှုနည်းပါးတာကြောင့်ဖြစ်ပြီး အဲ့ဒီအလေ့အထတွေကို ကျင့်သုံးတတ်လာအောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။


အင်တာဗျူး – ဒေါက်တာကြည်လွင် (ဌာနမှူး)
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်


ရခိုင်ပြည်နယ်ကျန်းမာရေးဌာနအနေနဲ့ သန်ကောင်ရောဂါအပါအဝင် ဝမ်းလျှောဝမ်းပျက် စတဲ့ ရောဂါဖြစ်ပွားမှှုုတွေကို လျှော့ချနိုင်ရေးအတွက် စစ်တွေ၊ ပေါက်တော၊ မင်းပြားမြို့နယ်တွေမှာ ယင်လုံအိမ်သာ သုံးစွဲမှုမြှင့်တင်ရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြောပါတယ် ခင်ဗျား။