သန္လ်င္ၿမိဳ႕နယ္မွာ ကြန္တိန္နာရပ္နားကြင္း တည္ေဆာက္မယ္

0
50

ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ကမ္းနားလမ္းမွာ ကြန္တိန္နာကား ရပ္နားမႈေၾကာင့္ ယာဥ္ေၾကာ ပိတ္ဆို႔မႈေတြ  ျဖစ္ေပၚေနတဲ့အတြက္ သန္လ်င္ၿမိဳ႕နယ္မွာ ကြန္တိန္နာ ရပ္နားကြင္း တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ (YRTA) နဲ႔ ျမန္မာႏိုင္ငံ ကုန္ေသတၱာတင္ယာဥ္ အသင္းတို႔က ေလ့လာစိစစ္ ေဆာင္ရြက္ေနတဲ့အျပင္ သန္လ်င္ၿမိဳ႕နယ္မွာ ကြန္တိန္နာရပ္နားကြင္း တည္ေဆာက္သြားမွာ ျဖစ္ေၾကာင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။

စက္တင္ဘာလ ၁၈ ရက္ေန႔က က်င္းပတဲ့ ရန္ကုန္တုိင္း လႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္္ကိုယ္စားလွယ္ ဦးေအာင္ထူးက ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ကမ္းနားလမ္းမွာ ကြန္တိန္နာကား ရပ္နားမႈေၾကာင့္ ယာဥ္ေၾကာ ပိတ္ဆို႔မႈေတြ ျဖစ္ေပၚေနတဲ့အေပၚ ရပ္ကြက္ေန ျပည္သူေတြ  စိတ္အေႏွာင့္အယွက္ ႀကံဳေတြ႔ေနရတာေၾကာင့္ ကြန္တိန္နာကား ရပ္နားဖို႔ ေျမေနရာအသစ္ အျမန္ဆုံး ေဆာင္ရြက္ေပးဖုိ႔ အစီအစဥ္ရွိ၊ မရွိ ေမးျမန္းမႈကို ဝန္ႀကီး ေဒၚနီလာေက်ာ္က အခုလုိ ျပန္လည္ေျဖၾကားခဲ့တာပါ။

ကုန္ေသတၱာယာဥ္ေတြ အေထာက္အကူ ျဖစ္္ေစဖို႔ ယာဥ္ရပ္ဝင္း တည္ေဆာက္ရန္ သန္လ်င္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရး ဦးစီးဌာနမွ စီမံခန္႔ခြဲတဲ့ ေျမတိုင္းရပ္ကြက္ အမွတ္ (၆)၊ ေျမကြက္ (၃/ခ) ရွိ ေျမဧရိယာ ၂၄ ဒသမ ၅၈၈ ဧကကို YRTA အဖြဲ႔က စီမံခန္႔ခဲြၿပီး ျမန္မာႏိုင္ငံ ကုန္ေသတၱာတင္ယာဥ္အသင္းကုိ ငွားရမ္းေပးႏိုင္ေရး အတြက္ ေဆာင္ရြက္ထားေၾကာင္းလည္း ဝန္ႀကီး ေဒၚနီလာေက်ာ္က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

သန်လျင်မြို့နယ်မှာ ကွန်တိန်နာရပ်နားကွင်း တည်ဆောက်မယ်


ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမှာ ကွန်တိန်နာကား ရပ်နားမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သန်လျင်မြို့နယ်မှာ ကွန်တိန်နာ ရပ်နားကွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) နဲ့ မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ် အသင်းတို့က လေ့လာစိစစ် ဆောင်ရွက်နေတဲ့အပြင် သန်လျင်မြို့နယ်မှာ ကွန်တိန်နာရပ်နားကွင်း တည်ဆောက်သွားမှာ ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။


စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမှာ ကွန်တိန်နာကား ရပ်နားမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် ရပ်ကွက်နေ ပြည်သူတွေ စိတ်အနှောင့်အယှက် ကြုံတွေ့နေရတာကြောင့် ကွန်တိန်နာကား ရပ်နားဖို့ မြေနေရာအသစ် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို ဝန်ကြီး ဒေါ်နီလာကျော်က အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။


ကုန်သေတ္တာယာဉ်တွေ အထောက်အကူ ဖြစ်စေဖို့ ယာဉ်ရပ်ဝင်း တည်ဆောက်ရန် သန်လျင်မြို့နယ်အတွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲတဲ့ မြေတိုင်းရပ်ကွက် အမှတ် (၆)၊ မြေကွက် (၃/ခ) ရှိ မြေဧရိယာ ၂၄ ဒသမ ၅၈၈ ဧကကို YRTA အဖွဲ့က စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်းကို ငှားရမ်းပေးနိုင်ရေး အတွက် ဆောင်ရွက်ထားကြောင်းလည်း ဝန်ကြီး ဒေါ်နီလာကျော်က ထည့်သွင်းပြောကြားခဲ့ပါတယ်။