သတင္းေထာက္ေတြ အမႈပြဲစားမလုပ္ဖို႔ ျမန္မာသတင္းသမားမ်ားကာကြယ္ေရး ေကာ္မတီေျပာ (႐ုပ္/သံ)

0
908

သတင္းေထာက္ေတြအေနနဲ႔ ျပည္သူလူထုကို အႏိုင္က်င့္တာေတြ အမႈပြဲစားလုပ္တာမ်ိဳးေတြ မလုပ္ၾကဖို႔ ျမန္မာသတင္းသမားမ်ားကာကြယ္ေရး ေကာ္မတီက တိုက္တြန္းပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

သတင္းလြတ္လပ္ခြင့္ကို ေတာင္းဆိုတဲ့ေနရာမွာ နယ္ေဒသေတြမွာ အမ်ားဆံုးၾကံဳေတြ႕ေနရတဲ့ အမႈပြဲစားလုပ္တာေတြ ျပည္သူလူထုဆီက ပိုက္ဆံယူျပီး သတင္းေရးသားမႈေတြ မလုပ္ၾကဖို႔ ျမန္မာသတင္းသမားမ်ားကာကြယ္ေရးေကာ္မတီဦးေဆာင္အဖြဲ႕က တိုက္တြန္းလိုက္တာပါ။

မတ္လ ၄ ရက္ေန႕ညေနပိုင္းက ပဲခူးျမိဳ႕ ဗိုလ္ခ်ဳပ္ေၾကးရုပ္အနီးမွာ ရိုက္တာ သတင္းေထာက္ႏွစ္ေယာက္ လြတ္ေျမာက္ေရးနဲ႔ သတင္းလြတ္လပ္ခြင့္ရရွိဖို႔အတြက္ ဆႏၵထုတ္ေဖာ္ေတာင္းဆိုမႈကို သတင္းသမားေတြ စုေပါင္း ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Soundbites -ကုိသာလြန္ေဇာင္းထက္ (ဦးေဆာင္အဖြဲ႕၀င္) ျမန္မာသတင္းသမားမ်ားကာကြယ္ေရးေကာ္မတီ

ဒါ့အျပင္ ရိုက္တာ သတင္းေထာက္ႏွစ္ဦးဟာ အစိုးရရဲ့ အကြက္ဆင္ ဖမ္းဆီးတာကို ခံခဲ့ရတာသာ ျဖစ္ျပီး သတင္းလြတ္လပ္ခြင့္ရရွိဖို႔နဲ႔ သူတို႔ႏွစ္ဦး လြတ္ေျမာက္ဖို႔ ဆက္လက္ေတာင္းဆိုဆႏၵျပပြဲေတြ ျပဳလုပ္သြားမယ္လို႔ ေျပာပါတယ္။

Soundbites-ကုိသာလြန္ေဇာင္းထက္ (ဦးေဆာင္အဖြဲ႕၀င္) ျမန္မာသတင္းသမားမ်ားကာကြယ္ေရးေကာ္မတီ

အစိုးရသစ္လက္ထပ္မွာ သတင္းလြတ္လပ္ခြင့္ဟာ ျပီးခဲ့တဲ့ အစိုးရလက္ထပ္ကထက္ က်ဆင္းေနတာကို အထင္အရွားေတြ႕ျမင္ေနရျပီး သတင္းလြတ္လပ္ခြင့္အတြက္ ျပည္သူလူထုပူးေပါင္းပါ၀င္လာေအာင္ ျမိဳ႕ၾကီးေတြမွာ ဆႏၵထုတ္ေဖာ္ေတာင္းဆိုမႈေတြဆက္တုိက္ျပဳလုပ္ေနၾကတယ္ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတင်းထောက်တွေအနေနဲ့ ပြည်သူလူထုကို အနိုင်ကျင့်တာတွေ အမှုပွဲစားလုပ်တာမျိုးတွေ မလုပ်ကြဖို့ မြန်မာသတင်းသမားများကာကွယ်ရေး ကော်မတီက တိုက်တွန်းပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို တောင်းဆိုတဲ့နေရာမှာ နယ်ဒေသတွေမှာ အများဆုံးကြုံတွေ့နေရတဲ့ အမှုပွဲစားလုပ်တာတွေ ပြည်သူလူထုဆီက ပိုက်ဆံယူပြီး သတင်းရေးသားမှုတွေ မလုပ်ကြဖို့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီဦးဆောင်အဖွဲ့က တိုက်တွန်းလိုက်တာပါ။

မတ်လ ၄ ရက်နေ့ညနေပိုင်းက ပဲခူးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ရိုက်တာ သတင်းထောက်နှစ်ယောက် လွတ်မြောက်ရေးနဲ့ သတင်းလွတ်လပ်ခွင့်ရရှိဖို့အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို သတင်းသမားတွေ စုပေါင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Soundbites – ကိုသာလွန်ဇောင်းထက် (ဦးဆောင်အဖွဲ့ဝင်)မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ

ဒါ့အပြင် ရိုက်တာ သတင်းထောက်နှစ်ဦးဟာ အစိုးရရဲ့ အကွက်ဆင် ဖမ်းဆီးတာကို ခံခဲ့ရတာသာ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ရရှိဖို့နဲ့ သူတို့နှစ်ဦး လွတ်မြောက်ဖို့ ဆက်လက်တောင်းဆိုဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

Soundbites – ကိုသာလွန်ဇောင်းထက် (ဦးဆောင်အဖွဲ့ဝင်) မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ

အစိုးရသစ်လက်ထပ်မှာ သတင်းလွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထပ်ကထက် ကျဆင်းနေတာကို အထင်အရှားတွေ့မြင်နေရပြီး သတင်းလွတ်လပ်ခွင့်အတွက် ပြည်သူလူထုပူးပေါင်းပါဝင်လာအောင် မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေဆက်တိုက်ပြုလုပ်နေကြတယ်ဖြစ်ပါတယ်ခင်ဗျာ။