သတင်းစာနဲ့ ဂျာနယ်  ၂၀ ကျော်ကို အရက်နဲ့ ဘီယာကြော်ငြာ မဖော်ပြဖို့ အစိုးရမေတ္တာရပ်ခံ

0
249
အရက်နဲ့ ဘီယာကြော်ငြာ ထည့်သွင်းဖော်ပြခဲ့ကြတဲ့ ပြည်တွင်းထုတ် သတင်းစာနဲ့ ဂျာနယ် စုစုပေါင်း ၂၀ ကျော်ကို အဲ့လိုကြော်ငြာတွေ မဖော်ပြဖို့ အစိုးရမေတ္တာရပ်ခံ လိုက်ပါတယ်။

ပြည်ထောင်စုအစိုးရ၊ ပြန့်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ့ ညွှန်ကြားရေးမှူးက အရက်၊ ဘီယာကြော်ငြာဖော်ပြခဲ့တဲ့ သတင်းစာနဲ့ ဂျာနယ် ၂၀ ကျော်က တာဝန်ရှိသူတွေကို ခေါ်ယူပြီး မေတ္တာရပ်ခံလိုက်တာပါ။
IMG_6283
အရင်က ပြည်တွင်းထုတ် သတင်းစာနဲ့ ဂျာနယ်တွေတွေမှာ အရက်နဲ့ ဘီယာကြော်ငြာ ဖော်ပြတာတွေ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြပေမယ့် ဒီကနေ့အချိန်မှာတော့ သတင်းစာနဲ့ ဂျာနယ်အချို့မှာ ပြန်လည်ဖော်ပြမှု တွေပြုလုပ်လာကြတာဖြစ်ပါတယ်
ဒီလို အရက်၊ ဘီယာကြော်ငြာတွေဟာ လူငယ်တွေကို အရက်သေစာသောက်စား စေဖို့ တိုက်တွန်းလှုံ့ဆော်ရာရောက်ပြီး အကျင့်စာရိတ္တ ပျက်ပြားစေနိုင်တာကြောင့် အမျိုးသားရေးအမြင်နဲ့ ထိန်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာပါ။