သစ္ပင္စိုက္ၾကစို႔လား (၁)

0
230

ကြ်န္ေတာ္တို႔ေနထိုင္ရာ ကမာၻႀကီး ပူေလာင္လာတာကို ခံစားရတာ ကြ်န္ေတာ္ တစ္ေယာက္တည္း မဟုတ္ေလာက္ပါဘူး။ က်ေနာ္တို႔ႏိုင္ငံ ရာသီဥတု ဆိုးရြားျပင္းထန္လာတာ ကြ်န္ေတာ္ တစ္ေယာက္တည္း ခံစားလာရတာ မဟုတ္ေလာက္ပါဘူး။ ဘာေၾကာင္႔လဲဆိုေတာ႔ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ သစ္ပင္ေတြ နည္းသြားလို႔ပါ။ ဘယ္သူ လုပ္ခဲ့တယ္၊ ဘာေၾကာင့္ လုပ္ခဲ့တယ္ဆိုတာ ျပန္ေျပာမေနေတာ႔ပါဘူး။ ကြ်န္ေတာ္တို႔ ဘာလုပ္ႏိုင္တယ္။ ကြ်န္ေတာ္တို႔ ဘာလုပ္ရမလဲနဲ႔ပဲ စပါမယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ သစ္ပင္ စိုက္ရပါမယ္။

သစ္ပင္စိုက္ျခင္းကို ဘာေၾကာင့္ စိုက္သင့္ေၾကာင္း လူမ်ားမ်ားသိေအာင္ လုပ္ရပါမယ္။ သမိုင္းပညာရွင္ ေဒါက္တာ သန္႔ျမင့္ဦး မၾကာခင္ကမွ ေျပာသြားပါတယ္။ ဒီပုံစံတိုင္း ဆက္သြားရင္ ဆိုးရြားတဲ့ ရာသီဥတု ေဖာက္ျပန္မႈေတြ ႀကဳံၾကရပါေတာ႔မယ္။ အပူခ်ိန္လြန္ကဲမႈေတြ၊ ေသာက္သုံးေရ ရွားပါးျပတ္လပ္မႈေတြ၊ ဆိုင္ကလုန္း မုန္တိုင္းေတြ၊ ဒါေတြက ႏွစ္ ငါးဆယ္၊ တစ္ရာ မေစာင္႔ရဘဲ ဆယ္ႏွစ္၊ ႏွစ္ ႏွစ္ဆယ္ အတြင္း ျဖစ္လာေတာ႔မွာပါ။ ကြ်န္ေတာ္တို႔ သားေျမးလက္ထက္အထိ ေစာင့္စရာ မလိုေတာ႔ပါဘူး။ က်ေနာ္တို႔ကိုယ္တိုင္ ႀကဳံေတာ႔မွာပါ။ အခုေတာင္ အပူခ်ိန္ေၾကာင္႔ ေရအားလ်ပ္စစ္ထုတ္လုပ္မႈ ေလ်ာ႔က်လို႔ ကြ်န္ေတာ္တို႔ ပူပူေလာင္ေလာင္၊ မီးပ်က္ပ်က္နဲ႔ ေနေနရပါၿပီ။

အခု ကြ်န္ေတာ္ေရးမယ့္ အေၾကာင္းအရာက Freelance writer မက္တီယာ ဂ်က္ေကာ႔စ္ ဆိုသူ အမ်ိဳးသမီးရဲ႕ သစ္တစ္ပင္စိုက္ျခင္ရဲ႕ အက်ိဳးေက်းဇူး ၁၀ ခ်က္ကို ကိုးကား ေဖာ္ျပမွာပါ။

စာေရးသူကကေတာ့ သူရဲ႕ေဆာင္းပါးမွာ သစ္ပင္စိုက္ျခင္းဟာ ကြ်န္ေတာ္တို႔ ထင္ျမင္ယူဆထားတာထက္ ပိုၿပီး အက်ိဳးရွိေၾကာင္း စေျပာထားပါတယ္။ လူေတြဟာ သစ္ပင္ကို ကိုယ့္ၿခံထဲ အလွစိုက္ၾကမယ္၊ ေႏြရာသီကာလ အရိပ္ရ႐ုံေလာက္ပဲ ရည္ရြယ္ၾကတယ္တဲ့။ တကယ္ေတာ့ ဒါ့ထက္မက သဘာဝ ဝန္းက်င္အတြက္ အက်ိဳးရွိပါတယ္လို႔ အစပ်ိဳးထားပါတယ္။ သစ္ပင္စိုက္ပ်ိဳးျခင္း အက်ိဳးအျမတ္ ၁၀ ခ်က္ထဲကို တစ္ခုစီ ရွင္းလင္း ေဖာ္ျပခ်င္ပါတယ္။

၁။ သစ္ပင္ဟာ ရာသီဥတု ေျပာင္းလဲျခင္းကို ေလွ်ာ႔ခ်ေပးႏိုင္ျခင္း

ပထမဆုံး ရာသီဥတုမ်ား အေျပာင္အလဲျဖစ္ျခင္းကို သစ္ပင္မ်ားက ေလွ်ာ့ခ်ႏိုင္ပါသတဲ႔။ လူေတြက အပင္ေတြခုတ္၊ အေဆာက္အဦ လမ္းတံတာေတြ ေဆာက္လုပ္ၾကတယ္။ သစ္ပင္ေတြ ေလ်ာ႔ပါးသြားေတာ႔ ေလထုထဲ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ မ်ားလာပါတယ္။ အဲဒါဟာ ရာသီဥတု ေျပာင္လဲျခင္းရဲ႕ အဓိက တရားခံပါ။ သစ္ပင္ဟာ အဲဒီျပႆနာကို ေျဖရွင္းေပး ႏိုင္ပါတယ္။ ေလထဲမွာရွိတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူၿပီး ေအာက္စီဂ်င္ကို ျပန္ထုတ္ေပးပါတယ္။

သစ္ပင္ တစ္ဧကဟာ ကားတစ္စီး မိုင္ေပါင္း ၂၆၀၀၀ ေမာင္းႏွင္ရာက ထြက္လာတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူႏိုင္ပါတယ္။ ဒါ့အျပင္ သစ္ပင္တစ္ပင္ဟာ လူ ေလးေယာက္ အသက္႐ႈ ရွင္သန္ႏိုင္ဖို႔ ေအာက္ဆီဂ်င္ကို ထုတ္ေပးႏိုင္ပါတယ္။

၂။ သစ္ပင္မ်ားဟာ ေလကိုလည္း သန္႔စင္ေပးပါတယ္

ကြ်န္ေတာ္တို႔ သစ္ေတာအုပ္ေတြထဲ၊ ပင္လယ္ကမ္းေျခေတြ ေရာက္ရင္ သန္႔ရွင္းလတ္ဆတ္တဲ႔ ေလကို ရႈရိႈက္မိၾကပါတယ္။ အေၾကာင္းက သစ္ပင္ေတြဟာ ေလကို သန္႔စင္ေပးလို႔ပါ။ သစ္ပင္ေတြဟာ ညစ္ညမ္းတဲ့ ဓာတ္ေငြ႔ေတြကို စုပ္ယူေပးပါတယ္။ ညစ္ညမ္းတဲ့ ဓာတ္ေငြ႔ဆိုတာ လူေတြကို က်န္းမာေရး ဥပါဒ္ျဖစ္ေစတဲ့ ႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္၊ အိုဇုန္း၊ အမိုနီးယား၊ ဆာလဖာဒိုင္ေအာက္ဆိုဒ္တို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ သစ္ပင္ဟာ အနံ႔အသက္ကိုလည္း စုပ္ယူၿပီး ေသးငယ္တဲ႔ အမႈန္အမႊားေတြကို သစ္ရြက္ေတြက ေထာင္ေခ်ာက္ဆင္ ဖမ္းသလိုမ်ိဳး ကပ္ၿငိေစကာ ေလကို သန္႔စင္ေစပါတယ္။ ႀကီးရင့္ၿပီး သစ္ပင္တစ္ဧကဟာ လူ ၁၈ ေယာက္ အသက္ရႈဖို႔ ႏွစ္စဥ္ႏွစ္တိုင္း အေထာက္အပံ့ ေပးႏိုင္ပါတယ္။ သစ္ပင္ဟာ ဘယ္ေလာက္ အက်ိဳးရွိေၾကာင္း က်ေနာ္တို႔ ရိပ္မိသင္႔ပါၿပီ။

၃။ လမ္းမ်ားကို ေအးျမေစျခင္း

ႏွစ္စဥ္ႏွစ္တိုင္း ကြ်န္ေတာ္တို႔ ၾကားေနရတာ Global warming ေခၚ ကမာၻတဝွမ္း အပူခ်ိန္ ျမင္႔မားလာျခင္းပါ။ ဥပမာအားျဖင့္ အေမရိကန္ျပည္ေထာင္စုရဲ႕ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ႏွစ္ ငါးဆယ္အတြင္း အပူခ်ိန္ ၆ ဖာရင္ဟိုက္ တိုးလာပါတယ္။ တစ္ကမာၻလုံး အတိုင္အတာနဲ႔ဆိုရင္ ၁ ဒသမ ၄ ဖာရင္ဟိုက္ တိုးလာေနပါတယ္။

ဒါဟာ ကမာၻမွာ သစ္ပင္လႊမ္းၿခံဳႏိုင္မႈ ေလ်ာ့က်လာတာကို ေဖာ္ျပေနတာပါ။ သစ္ပင္ေတြကို ဖယ္ရွား ရွင္းလင္းပစ္ၿပီး အပူသိပ္စုပ္တဲ့ ႏိုင္လြန္ကတၱရာလမ္းေတြ၊ အေဆာက္အဦေတြက ၿမိဳ႕ေတြကို ပိုပူလာေစပါတယ္။ သစ္ပင္ေတြဟာ အရိပ္ေပးျခင္း၊ ေရေငြ႔ထုတ္လႊတ္ျခင္းျဖင့္ ၿမိဳ႕ေတာ္ေတြကို ၁၀ ဒီဂရီ ဖာရင္ဟိုက္အထက္ ေအးျမေစပါတယ္။

၄။ သစ္ပင္မ်ားဟာ သဘာဝ ေလေအးေပးစက္မ်ား ျဖစ္တယ္

ကြ်န္ေတာ္တို႔ မသိခဲ႔ၾကတာက သစ္ပင္ေတြကို ကြ်န္ေတာ္တို႔ အိမ္ပတ္လည္မွာ စနစ္တက်၊ ဗ်ဴဟာက်က် စိုက္ထားၾကမယ္ဆိုရင္ ေလေအးေပးစက္ လိုအပ္ေတာ့မွာ မဟုတ္ပါဘူး။ ဒါဟာ ေငြေၾကး သက္သာေစ႐ုံသာမက ကာဗြန္ဒိုင္ေအာက္ဆိုဒ္နဲ႔ စက္ပစၥည္း အင္ဂ်င္ေတြရဲ႕ အပူထုတ္လႊတ္ျခင္းကိုလည္း ေလွ်ာ႔ခ်ႏိုင္ပါတယ္။

ဒီကိစၥအတြက္ပဲ ဗိသုကာေတြနဲ႔ သဘာဝ ပတ္ဝန္းက်င္သမားေတြ ပူးေပါင္း ႀကိဳးပမ္းရာက အေျဖတစ္ခု ရလာပါတယ္။ အဲဒါကေတာ့ အစိမ္းေရာင္ အမိုးမ်ား ျဖစ္ပါတယ္။ ဒါကေတာ့ အဆန္းတၾကယ္ စိတ္ကူးစိတ္သန္းပါပဲ။ သစ္ပင္ပန္းမန္ စိုက္ခင္းနဲ႔ ကြ်န္ေတာ္တို႔ ေနထိုင္ရာအိမ္ေတြ ေပါင္းစပ္ထားတာပါ။ ဒါဟာ ပူေလာင္ျခင္းမရွိ၊ ေအးျမစြာ ေနႏိုင္ဖို႔ ေငြကုန္ေၾကးက် သက္သာေစတဲ့အျပင္ ကြ်န္ေတာ္တို႔ သဘာဝ ပတ္ဝန္းက်င္ကိုလည္း အက်ိဳးေက်းဇူး ရွိေစပါတယ္။

၅။ သစ္ပင္ေတြဟာ ေရကိုေခြ်တာရာ ေရာက္ေစပါတယ္

သစ္ပင္ဟာ ေအးျမမႈကို ေပး႐ုံသာမက ေရကို ေခြ်တာရာမွာလည္း အေထာက္အပံ့ ျဖစ္ေစပါတယ္။ အေၾကာင္းက သစ္ပင္ႀကီးက အရိပ္ေပးထားေတာ႔ သီးႏွံပန္းမန္ကို ေရေလာင္းထားရာမွာ ေရဟာ အေငြ႔ျပန္ဖို႔ ၾကာေညာင္းပါတယ္။ ေနာက္တစ္ခုက သစ္ပင္ႀကီးေတြဟာ သူတို႔ရွင္သန္ဖို႔ရာ တပတ္ကိုမွ ေရ ၁၅ ဂါလံပဲ လိုအပ္ပါတယ္။ ဒါေပမယ့္ သစ္ပင္ေတြကေတာ႔ ေန႔စဥ္ေရဂါလံ ၂၀၀ ကေန ၄၅၀ အထိ ပုံသဏၭာန္ အမိ်ဳးမ်ိဳးနဲ႔ ထုတ္လႊတ္ေပးပါတယ္။

လွေအာင္

(ဆက္လက္ ေဖာ္ျပပါမည္)

သစ်ပင်စိုက်ကြစို့လား (၁)
လှအောင်
ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီး ပူလောင်လာတာကို ခံစားရတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ကျနော်တို့နိုင်ငံ ရာသီဥတု ဆိုးရွားပြင်းထန်လာတာ ကျွန်တော် တစ်ယောက်တည်း ခံစားလာရတာ မဟုတ်လောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ သစ်ပင်တွေ နည်းသွားလို့ပါ။ ဘယ်သူ လုပ်ခဲ့တယ်၊ ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ ပြန်ပြောမနေတော့ပါဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲနဲ့ပဲ စပါမယ်။ အဲဒီတော့ ကျွန်တော်တို့ သစ်ပင် စိုက်ရပါမယ်။
သစ်ပင်စိုက်ခြင်းကို ဘာကြောင့် စိုက်သင့်ကြောင်း လူများများသိအောင် လုပ်ရပါမယ်။ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး မကြာခင်ကမှ ပြောသွားပါတယ်။ ဒီပုံစံတိုင်း ဆက်သွားရင် ဆိုးရွားတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံကြရပါတော့မယ်။ အပူချိန်လွန်ကဲမှုတွေ၊ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေ၊ ဆိုင်ကလုန်း မုန်တိုင်းတွေ၊ ဒါတွေက နှစ် ငါးဆယ်၊ တစ်ရာ မစောင့်ရဘဲ ဆယ်နှစ်၊ နှစ် နှစ်ဆယ် အတွင်း ဖြစ်လာတော့မှာပါ။ ကျွန်တော်တို့ သားမြေးလက်ထက်အထိ စောင့်စရာ မလိုတော့ပါဘူး။ ကျနော်တို့ကိုယ်တိုင် ကြုံတော့မှာပါ။ အခုတောင် အပူချိန်ကြောင့် ရေအားလျပ်စစ်ထုတ်လုပ်မှု လျော့ကျလို့ ကျွန်တော်တို့ ပူပူလောင်လောင်၊ မီးပျက်ပျက်နဲ့ နေနေရပါပြီ။
အခု ကျွန်တော်ရေးမယ့် အကြောင်းအရာက Freelance writer မက်တီယာ ဂျက်ကော့စ် ဆိုသူ အမျိုးသမီးရဲ့ သစ်တစ်ပင်စိုက်ခြင်ရဲ့ အကျိုးကျေးဇူး ၁၀ ချက်ကို ကိုးကား ဖော်ပြမှာပါ။
စာရေးသူကကတော့ သူရဲ့ဆောင်းပါးမှာ သစ်ပင်စိုက်ခြင်းဟာ ကျွန်တော်တို့ ထင်မြင်ယူဆထားတာထက် ပိုပြီး အကျိုးရှိကြောင်း စပြောထားပါတယ်။ လူတွေဟာ သစ်ပင်ကို ကိုယ့်ခြံထဲ အလှစိုက်ကြမယ်၊ နွေရာသီကာလ အရိပ်ရရုံလောက်ပဲ ရည်ရွယ်ကြတယ်တဲ့။ တကယ်တော့ ဒါ့ထက်မက သဘာဝ ဝန်းကျင်အတွက် အကျိုးရှိပါတယ်လို့ အစပျိုးထားပါတယ်။ သစ်ပင်စိုက်ပျိုးခြင်း အကျိုးအမြတ် ၁၀ ချက်ထဲကို တစ်ခုစီ ရှင်းလင်း ဖော်ပြချင်ပါတယ်။

၁။ သစ်ပင်ဟာ ရာသီဥတု ပြောင်လဲခြင်းကို လျှော့ချပေးနိုင်ခြင်း
ပထမဆုံး ရာသီဥတုများ အပြောင်အလဲဖြစ်ခြင်းကို သစ်ပင်များက လျှော့ချနိုင်ပါသတဲ့။ လူတွေက အပင်တွေခုတ်၊ အဆောက်အဦ လမ်းတံတာတွေ ဆောက်လုပ်ကြတယ်။ သစ်ပင်တွေ လျော့ပါးသွားတော့ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာပါတယ်။ အဲဒါဟာ ရာသီဥတု ပြောင်လဲခြင်းရဲ့ အဓိက တရားခံပါ။ သစ်ပင်ဟာ အဲဒီပြဿနာကို ဖြေရှင်းပေး နိုင်ပါတယ်။ လေထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်စီဂျင်ကို ပြန်ထုတ်ပေးပါတယ်။
သစ်ပင် တစ်ဧကဟာ ကားတစ်စီး မိုင်ပေါင်း ၂၆၀ဝ၀ မောင်းနှင်ရာက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် သစ်ပင်တစ်ပင်ဟာ လူ လေးယောက် အသက်ရှု ရှင်သန်နိုင်ဖို့ အောက်ဆီဂျင်ကို ထုတ်ပေးနိုင်ပါတယ်။

၂။ သစ်ပင်များဟာ လေကိုလည်း သန့်စင်ပေးပါတယ်
ကျွန်တော်တို့ သစ်တောအုပ်တွေထဲ၊ ပင်လယ်ကမ်းခြေတွေ ရောက်ရင် သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှုရှိုက်မိကြပါတယ်။ အကြောင်းက သစ်ပင်တွေဟာ လေကို သန့်စင်ပေးလို့ပါ။ သစ်ပင်တွေဟာ ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူပေးပါတယ်။ ညစ်ညမ်းတဲ့ ဓာတ်ငွေ့ဆိုတာ လူတွေကို ကျန်းမာရေး ဥပါဒ်ဖြစ်စေတဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း၊ အမိုနီးယား၊ ဆာလဖာဒိုင်အောက်ဆိုဒ်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် သစ်ပင်ဟာ အနံ့အသက်ကိုလည်း စုပ်ယူပြီး သေးငယ်တဲ့ အမှုန်အမွှားတွေကို သစ်ရွက်တွေက ထောင်ချောက်ဆင် ဖမ်းသလိုမျိုး ကပ်ငြိစေကာ လေကို သန့်စင်စေပါတယ်။ ကြီးရင့်ပြီး သစ်ပင်တစ်ဧကဟာ လူ ၁၈ ယောက် အသက်ရှုဖို့ နှစ်စဉ်နှစ်တိုင်း အထောက်အပံ့ ပေးနိုင်ပါတယ်။ သစ်ပင်ဟာ ဘယ်လောက် အကျိုးရှိကြောင်း ကျနော်တို့ ရိပ်မိသင့်ပါပြီ။

၃။ လမ်းများကို အေးမြစေခြင်း
နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ ကြားနေရတာ Global warming ခေါ် ကမ္ဘာတဝှမ်း အပူချိန် မြင့်မားလာခြင်းပါ။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ နှစ် ငါးဆယ်အတွင်း အပူချိန် ၆ ဖာရင်ဟိုက် တိုးလာပါတယ်။ တစ်ကမ္ဘာလုံး အတိုင်အတာနဲ့ဆိုရင် ၁ ဒသမ ၄ ဖာရင်ဟိုက် တိုးလာနေပါတယ်။
ဒါဟာ ကမ္ဘာမှာ သစ်ပင်လွှမ်းခြုံနိုင်မှု လျော့ကျလာတာကို ဖော်ပြနေတာပါ။ သစ်ပင်တွေကို ဖယ်ရှား ရှင်းလင်းပစ်ပြီး အပူသိပ်စုပ်တဲ့ နိုင်လွန်ကတ္တရာလမ်းတွေ၊ အဆောက်အဦတွေက မြို့တွေကို ပိုပူလာစေပါတယ်။ သစ်ပင်တွေဟာ အရိပ်ပေးခြင်း၊ ရေငွေ့ထုတ်လွှတ်ခြင်းဖြင့် မြို့တော်တွေကို ၁၀ ဒီဂရီ ဖာရင်ဟိုက်အထက် အေးမြစေပါတယ်။

၄။ သစ်ပင်များဟာ သဘာဝ လေအေးပေးစက်များ ဖြစ်တယ်
ကျွန်တော်တို့ မသိခဲ့ကြတာက သစ်ပင်တွေကို ကျွန်တော်တို့ အိမ်ပတ်လည်မှာ စနစ်တကျ၊ ဗျူဟာကျကျ စိုက်ထားကြမယ်ဆိုရင် လေအေးပေးစက် လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ ငွေကြေး သက်သာစေရုံသာမက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ စက်ပစ္စည်း အင်ဂျင်တွေရဲ့ အပူထုတ်လွှတ်ခြင်းကိုလည်း လျှော့ချနိုင်ပါတယ်။
ဒီကိစ္စအတွက်ပဲ ဗိသုကာတွေနဲ့ သဘာဝ ပတ်ဝန်းကျင်သမားတွေ ပူးပေါင်း ကြိုးပမ်းရာက အဖြေတစ်ခု ရလာပါတယ်။ အဲဒါကတော့ အစိမ်းရောင် အမိုးများ ဖြစ်ပါတယ်။ ဒါကတော့ အဆန်းတကြယ် စိတ်ကူးစိတ်သန်းပါပဲ။ သစ်ပင်ပန်းမန် စိုက်ခင်းနဲ့ ကျွန်တော်တို့ နေထိုင်ရာအိမ်တွေ ပေါင်းစပ်ထားတာပါ။ ဒါဟာ ပူလောင်ခြင်းမရှိ၊ အေးမြစွာ နေနိုင်ဖို့ ငွေကုန်ကြေးကျ သက်သာစေတဲ့အပြင် ကျွန်တော်တို့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း အကျိုးကျေးဇူး ရှိစေပါတယ်။

၅။ သစ်ပင်တွေဟာ ရေကိုချွေတာရာ ရောက်စေပါတယ်
သစ်ပင်ဟာ အေးမြမှုကို ပေးရုံသာမက ရေကို ချွေတာရာမှာလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ အကြောင်းက သစ်ပင်ကြီးက အရိပ်ပေးထားတော့ သီးနှံပန်းမန်ကို ရေလောင်းထားရာမှာ ရေဟာ အငွေ့ပြန်ဖို့ ကြာညောင်းပါတယ်။ နောက်တစ်ခုက သစ်ပင်ကြီးတွေဟာ သူတို့ရှင်သန်ဖို့ရာ တပတ်ကိုမှ ရေ ၁၅ ဂါလံပဲ လိုအပ်ပါတယ်။ ဒါပေမယ့် သစ်ပင်တွေကတော့ နေ့စဉ်ရေဂါလံ ၂၀ဝ ကနေ ၄၅၀ အထိ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ထုတ်လွှတ်ပေးပါတယ်။
(ဆက်လက် ဖော်ပြပါမည်)