သင်ရိုးညွှန်းတမ်းထဲမှာ ငြိမ်းချမ်းရေးဘာသာရပ်ကိုပါ ထည့်သွင်းဖို့ ဆွေးနွေး

0
29







သင်ရိုးညွန်တမ်းထဲမှာ ငြိမ်းချမ်းရေးဘာသာရပ်ကိုပါ ထည့်သွင်းသင်ကြားဖို့ အတွက် ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးလူငယ်အဖွဲ့ ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

Peace Education နဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊သြဂုတ်လကစတင်ကာ အဖွဲ့အစည်းတွေနဲ့ဆွေးနွေးတာတွေ လုပ်ဆောင်နေပြီး စာသင်ကျောင်းတွေမှာသင်ရိုးညွှန်းတမ်းတစ်ခုအနေနဲ့ ပါဝင်လာဖို့ကို နိုင်ငံတကာ ငြိမ်းချမ်းရေးလူငယ်အဖွဲ့က လုပ်ဆောင်နေတာ ဖြစ် ပါတယ်။

Soundbite; ကိုအောင်မြင့်သူ(အဖွဲ့ဝင်) နိုင်ငံတကာငြိမ်းချမ်းရေးလူငယ်အဖွဲ့

ဒါ့အပြင် ပညာရေးကဏ္ဍမှာ ငြိမ်းချမ်းရေးပိုင်းကိုပါ ထည့်သွင်းသင်ကြားနိုင်ဖို့ ဝန်ကြီးတွေ၊ လူငယ်ခေါင်းဆောင် တွေ နဲ့ စတင်ဆွေးနွေးနေပြီး အောက်ခြေအဆင့်ကနေ တက္ကသိုလ်အဆင့်ထိကို ဆောင်ရွက်နိုင် ဖို့လုပ်ဆောင် နေတာဖြစ်ပါတယ်။

Soundbite; ကိုအောင်မြင့်သူ (အဖွဲ့ဝင်) နိုင်ငံတကာငြိမ်းချမ်းရေးလူငယ်အဖွဲ့

Peace Education ကို သင်ရိုးညွှန်းတန်းတစ်ခုအနေနဲ့ ထည့်သွင်းနိုင်ဖို့ဆိုရင် ပညာရေး ပိုင်းက တာဝန်ရှိသူတွေနဲ့ ဝန်ကြီးတွေဘက်က သင်ကြားရေးပိုင်းမှာ အဆင်ပြေမပြေကို ပြန်လည်ဆန်းစစ်တာတွေ လုပ်ပေးဖို့လိုအပ်တယ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလူငယ်အဖွဲ့ကပြောပါတယ်ရှင်။