သင္ရိုးျပဳစုသူနဲ႔ သင္ရိုးစစ္ေဆးသူေတြက မရိုးမေျဖာင္႔နဲ႔ သစၥာေဖါက္တယ္လို႔ ဧရာဝတီအမတ္ ေျပာ

0
153

ပဥၥမတန္း ပထဝီသင္ရိုးညႊန္းတမ္းမွာပါရွိတဲ႔ အီေကြတာျဖတ္မ်ဥ္းပုံအမွားေတြ၊ ပဥၥမတန္း ျမန္မာစာသင္ရိုး ညႊန္းတမ္းပါ ျမန္မာ့သစ္ေတာျပဳန္းတီးမႈကို ႏွစ္တစ္ရာေက်ာ္က ကိုလိုနီနယ္ခ်ဲ႕လို႔ ေဖၚျပတာေတြနဲ႔ ဒႆမတန္း ဓါတုေဗဒ အခန္း ၁၄ မွာ ဘိုင္အိုဒီဇယ္ကို ၿခံစည္းရိုး ၾကက္ဆူပင္အေစ့ကရတယ္လို႔ ေဖၚျပတာေတြက သင္ရိုးျပဳစုသူနဲ႔ သင္ရိုးစစ္ေဆးသူေတြ ရိုးေျဖာင္႔မႈ မရွိဘဲ အာဏာရွင္ အလိုလိုက္ အႀကိဳက္ေဆာင္ကာ ပညာရပ္အေပၚမွာ သစၥာေဖါက္ၿပီး ေက်ာင္းသူ ေက်ာင္းသားေတြကို တလြဲ အသိ ေပးေနတာျဖစ္တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ ၄ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထိန္ဝင္းက ေျပာပါတယ္။

ၾသဂုတ္လ ၉ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ ေျပာခဲ႔တာပါ။

၂၀၁၈ ခုႏွစ္ ပဥၥမတန္း ပထဝီသင္ရိုးညႊန္းတမ္းမွာ အီေကြတာျဖတ္မ်ဥ္းပုံက ျမန္မာႏိုင္ငံ ဧရာဝတီတိုင္းေဒသႀကီးနဲ႔ ရန္ကုန္တိုင္းေဒသႀကီးတို႔ကို ျဖတ္သန္းသြားတယ္လို႔ ေဖၚျပထားတာက သင္ရိုးျပဳစုသူနဲ႔ သင္ရိုးစစ္ေဆးသူတို႔ မရိုးမသားနဲ႔ တမင္တလႊဲလုပ္တာလား ပညာအားနည္းမႈေၾကာင့္လား ဆိုတာ ေမးခြန္းထုတ္ရမလို ျဖစ္ေနတယ္လို႔ ဦးထိန္ဝင္းက ေျပာပါတယ္။

ဒါ့အျပင္ ပဥၥမတန္း ျမန္မာစာ ျမန္မာ့သစ္ေတာေတြကို ကိုလိုနီနယ္ခ်ဲ႕တို႔က အျမတ္အစြန္းရရွိေရးအတြက္ ခုတ္ခဲ႔ၾကတဲ႔အတြက္ ျမန္မာ့သစ္ေတာေတြ တျဖည္းျဖည္း ပ်က္စီးလာတယ္လို႔ လိမ္ညာေရးသားကာ ကေလးေတြကို သင္ေပးေနတာ ေတြ႔ရတဲ႔အတြက္ သင္ရိုးျပဳစုသူနဲ႔ သင္ရိုးစစ္ေဆးသူေတြက အာဏာရွင္ အလိုလိုက္ အႀကိဳက္ေဆာင္ၿပီး ပညာရပ္အေပၚမွာ သစၥာေဖါက္ကာ ေက်ာင္းသူ ေက်ာင္းသားေတြကို တလြဲ အသိ ေပးေနတာ လုံးဝမျဖစ္သင့္တဲ႔ကိစၥ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

သင္ရိုးအေဟာင္းျဖစ္တဲ႔ ဒႆမတန္း ဓါတုေဗဒ အခန္း ၁၄ ဘိုင္အို ဒီဇယ္ဆိုတဲ႔ သင္ခန္းစာမွာ ၿခံစည္းရိုး ၾကက္ဆူပင္အေစ့ဆီဟာ ေလာင္စာဆီ ပင္ရင္းျဖစ္ၿပီး မီးစက္၊ လယ္ထြန္စက္၊ ဒီဇယ္အင္ဂ်င္ေတြမွာ ဘိုင္အို ဒီဇယ္ကို အသုံးျပဳတယ္လို႔ လိမ္လည္ထည့္သြင္း သင္ၾကားခဲ႔တာေတြ ရွိခဲ႔တယ္လို႔ ဦးထိန္ဝင္းက ေျပာပါတယ္။

သင်ရိုးပြုစုသူနဲ့ သင်ရိုးစစ်ဆေးသူတွေက မရိုးမဖြောင့်နဲ့ သစ္စာဖေါက်တယ်လို့ ဧရာဝတီအမတ် ပြော

ပဉ္စမတန်း ပထဝီသင်ရိုးညွှန်းတမ်းမှာပါရှိတဲ့ အီကွေတာဖြတ်မျဉ်းပုံအမှားတွေ၊ ပဉ္စမတန်း မြန်မာစာသင်ရိုး ညွှန်းတမ်းပါ မြန်မာ့သစ်တောပြုန်းတီးမှုကို နှစ်တစ်ရာကျော်က ကိုလိုနီနယ်ချဲ့လို့ ဖေါ်ပြတာတွေနဲ့ ဒဿမတန်း ဓါတုဗေဒ အခန်း ၁၄ မှာ ဘိုင်အိုဒီဇယ်ကို ခြံစည်းရိုး ကြက်ဆူပင်အစေ့ကရတယ်လို့ ဖေါ်ပြတာတွေက သင်ရိုးပြုစုသူနဲ့ သင်ရိုးစစ်ဆေးသူတွေ ရိုးဖြောင့်မှု မရှိဘဲ အာဏာရှင် အလိုလိုက် အကြိုက်ဆောင်ကာ ပညာရပ်အပေါ်မှာ သစ္စာဖေါက်ပြီး ကျောင်းသူ ကျောင်းသားတွေကို တလွဲ အသိ ပေးနေတာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ လွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောပါတယ်။

သြဂုတ်လ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပြောခဲ့တာပါ။

၂၀၁၈ ခုနှစ် ပဉ္စမတန်း ပထဝီသင်ရိုးညွှန်းတမ်းမှာ အီကွေတာဖြတ်မျဉ်းပုံက မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို ဖြတ်သန်းသွားတယ်လို့ ဖေါ်ပြထားတာက သင်ရိုးပြုစုသူနဲ့ သင်ရိုးစစ်ဆေးသူတို့ မရိုးမသားနဲ့ တမင်တလွှဲလုပ်တာလား ပညာအားနည်းမှုကြောင့်လား ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေတယ်လို့ ဦးထိန်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ပဉ္စမတန်း မြန်မာစာ မြန်မာ့သစ်တောတွေကို ကိုလိုနီနယ်ချဲ့တို့က အမြတ်အစွန်းရရှိရေးအတွက် ခုတ်ခဲ့ကြတဲ့အတွက် မြန်မာ့သစ်တောတွေ တဖြည်းဖြည်း ပျက်စီးလာတယ်လို့ လိမ်ညာရေးသားကာ ကလေးတွေကို သင်ပေးနေတာ တွေ့ရတဲ့အတွက် သင်ရိုးပြုစုသူနဲ့ သင်ရိုးစစ်ဆေးသူတွေက အာဏာရှင် အလိုလိုက် အကြိုက်ဆောင်ပြီး ပညာရပ်အပေါ်မှာ သစ္စာဖေါက်ကာ ကျောင်းသူ ကျောင်းသားတွေကို တလွဲ အသိ ပေးနေတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သင်ရိုးအဟောင်းဖြစ်တဲ့ ဒဿမတန်း ဓါတုဗေဒ အခန်း ၁၄ ဘိုင်အို ဒီဇယ်ဆိုတဲ့ သင်ခန်းစာမှာ ခြံစည်းရိုး ကြက်ဆူပင်အစေ့ဆီဟာ လောင်စာဆီ ပင်ရင်းဖြစ်ပြီး မီးစက်၊ လယ်ထွန်စက်၊ ဒီဇယ်အင်ဂျင်တွေမှာ ဘိုင်အို ဒီဇယ်ကို အသုံးပြုတယ်လို့ လိမ်လည်ထည့်သွင်း သင်ကြားခဲ့တာတွေ ရှိခဲ့တယ်လို့ ဦးထိန်ဝင်းက ပြောပါတယ်။