
0
43



မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားမှာရှိတဲ့ လူဦးရေများပြား နေတဲ့အတွက် လူဦးရေဆုလာဘ်ကို ထိထိမိမိအသုံးချနိုင်ဖို့ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေမှာ လူငယ်တွေရဲ့ အင်အားကို ထိထိရောက်ရောက် ထည့်သွင်းအသုံးချဖို့ လိုအပ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သက်ကြီးဦးရေ များလာနိုင်တာကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ကြိုတင်ပြင်ဆင်ဖို့ ဒုသမ္မတ ပြော

အနာဂတ်မှာ သက်ကြီးဦးရေများလာနိုင်တာကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းစေဖို့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အပိုင်းအခြားမှာရှိတဲ့ လူဦးရေများပြား နေတဲ့အတွက် လူဦးရေဆုလာဘ်ကို ထိထိမိမိအသုံးချနိုင်ဖို့ နိ်ုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေမှာ လူငယ်တွေရဲ့ အင်အားကို ထိထိရောက်ရောက် ထည့်သွင်းအသုံးချဖို့ လိုအပ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။