သက္ထားသူဇာ ထိုင္းကစားသမားကို အႏုိင္ယူၿပီး ကြာတာဖုိင္နယ္ တက္ေရာက္

0
40

ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ Myanmar International Series  ၾကက္ေတာင္ၿပိဳင္ပြဲ တတိယေန႔ကို စက္တင္ဘာလ ၁၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား ၾကက္ေတာင္ အားကစားခန္းမမွာ က်င္းခဲ့ရာ ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာက ထိုင္းကစားသမားကို အႏုိင္ယူၿပီး ကြာတားဖိုင္နယ္က တက္ေရာက္ခဲ့ပါတယ္။ 

အမ်ိဳးသမီးတစ္ဥိးခ်င္းၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ သက္ထားသူဇာဟာ ဒုတိယအဆင့္မွ စတင္ယွဥ္ၿပိဳင္ ခဲ့ရၿပီး ထိုင္းကစားသမား ဆာရြန္ပန္ကို ႏွစ္ပြဲျပတ္ အႏုိင္ရခဲ့တာလည္း ျဖစ္ပါတယ္။ သက္ထားသူဟာဇာဟာ ဒီကေန႔ စက္တင္ဘာလ ၁၃ ရက္ေန႔ ကြာတားဖိုင္နယ္မွာေတာ့ အိႏၵိယကစားသမားနဲ႔ ယွဥ္ၿပိဳင္သြားမွာပါ။ 

ၿပိဳင္ပြဲ စတုတၳေန႔မွာေတာ့ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲ၊ အမ်ိဳးသားတစ္ဦးခ်င္းၿပိဳင္ပြဲ၊ အမ်ိဳးသမီးႏွစ္ေယာက္ တြဲၿပိုင္ပြဲ၊ အမ်ိဳးသား ႏွစ္ေယာက္တြဲၿပိဳင္ပြဲ နဲ႔ အမ်ိုးသား+အမ်ိဳးသမီး ႏွစ္ေယာက္တြဲ ပြဲစဥ္ေတြနဲ႔ က်င္းပသြားမွာ ျဖစ္ပါတယ္။

သက်ထားသူဇာ ထိုင်းကစားသမားကို အနိုင်ယူပြီး ကွာတာဖိုင်နယ် တက်ရောက်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ Myanmar International Series ကြက်တောင်ပြိုင်ပွဲ တတိယနေ့ကို စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသား ကြက်တောင် အားကစားခန်းမမှာ ကျင်းခဲ့ရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက ထိုင်းကစားသမားကို အနိုင်ယူပြီး ကွာတားဖိုင်နယ်က တက်ရောက်ခဲ့ပါတယ်။


အမျိုးသမီးတစ်ဥိးချင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သက်ထားသူဇာဟာ ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင် ခဲ့ရပြီး ထိုင်းကစားသမား ဆာရွန်ပန်ကို နှစ်ပွဲပြတ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ သက်ထားသူဟာဇာဟာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ကွာတားဖိုင်နယ်မှာတော့ အိန္ဒိယကစားသမားနဲ့ ယှဉ်ပြိုင်သွားမှာပါ။


ပြိုင်ပွဲ စတုတ္ထနေ့မှာတော့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ နဲ့ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ ပွဲစဉ်တွေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။