သက္တမ္းအ႐ွည္ၾကာဆံုး ဥေရာပ႐ုပ္႐ွင္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕မွာက်င္းပခဲ့

0
36

ျမန္မာႏိုင္ငံရဲ႕ သက္တမ္းအရွည္ၾကာဆံုး ဥေရာပရုပ္ရွင္ပြဲေတာ္ကိုရန္ကုန္ၿမိဳ႕မွာက်င္းပခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

ျမန္မာႏုိင္ငံကအႏုပညာရွင္ေတြအေနနဲ႕ ဥေရာပႏိုင္ငံကရုပ္ရွင္ေတြလို ရုပ္ရွင္ကားေကာင္းေကာင္း ေတြရိုက္ႏိုင္ဖို႕ အေတြးအေခၚေတြျမင့္တက္လာေအာင္ႀကိဳးစားရမယ္လို႕ ၀ါရင့္ အႏုပညာရွင္ ေဒၚေဆြဇင္ထိုက္ က ေျပာဆုိလိုက္ပါတယ္။

စက္တင္ဘာလ ၂၀ ရက္ေန႕ကစၿပီး ၁၀ ရက္ၾကာျပသမယ့္ ၂၈ ႀကိမ္ေျမာက္ ဥေရာပရုပ္ရွင္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕၊ ေနျပည္ေတာ္ရုပ္ရွင္ရံုမွာျပဳလုပ္ခဲ့တဲ့ပြဲမွာ ေျပာဆိုခဲ့တာပါ။

Soundbite – ေဒၚေဆြဇင္ထိုက္

အႏုပညာရွင္

ဒါ့အျပင္ ျမန္မာႏိုင္ငံကရုပ္ရွင္အမ်ားစုဟာ ရုပ္ရွင္ၾကည့္ပရိတ္သတ္ကို ေတြးေခၚႏိုင္မယ့္ ဇာတ္ကားမ်ိဳးထက္ ေငြေၾကးပိုၿပီးရမယ့္ဇာတ္ကားေတြကို ပိုၿပီးရိုက္ၾကတယ္လို႕လည္းေျပာပါတယ္။

Soundbite – ေဒၚေဆြဇင္ထိုက္

အႏုပညာရွင္

၂၈ ႀကိမ္ေျမာက္ဥေရာပရုပ္ရွင္ပြဲေတာ္ကို မႏၱေလးၿမိဳ႕မွာအရင္က်င္းပခဲ့တာျဖစ္ၿပီး ရန္ကုန္မွာေတာ့ Cool War လို႕အမည္ေပး ထားတဲ့ ဆုရပိုလန္ဒရာမာဇာတ္ကားအျပင္ ဥေရာပတ၀ွမ္း ကရုပ္ရွင္ကား ၂၁ ကိုျပသသြားမွာျဖစ္ပါတယ္ ခင္ဗ်ား။

မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဥရောပရုပ်ရှင်ပွဲတော်ကိုရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကအနုပညာရှင်တွေအနေနဲ့ ဥရောပနိုင်ငံကရုပ်ရှင်တွေလို ရုပ်ရှင်ကားကောင်းကောင်း တွေရိုက်နိုင်ဖို့ အတွေးအခေါ်တွေမြင့်တက်လာအောင်ကြိုးစားရမယ်လို့ ဝါရင့် အနုပညာရှင် ဒေါ်ဆွေဇင်ထိုက် က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး ၁၀ ရက်ကြာပြသမယ့် ၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံမှာပြုလုပ်ခဲ့တဲ့ပွဲမှာ ပြောဆိုခဲ့တာပါ။

Soundbite – ဒေါ်ဆွေဇင်ထိုက်
အနုပညာရှင်

ဒါ့အပြင် မြန်မာနိုင်ငံကရုပ်ရှင်အများစုဟာ ရုပ်ရှင်ကြည့်ပရိတ်သတ်ကို တွေးခေါ်နိုင်မယ့် ဇာတ်ကားမျိုးထက် ငွေကြေးပိုပြီးရမယ့်ဇာတ်ကားတွေကို ပိုပြီးရိုက်ကြတယ်လို့လည်းပြောပါတယ်။

Soundbite – ဒေါ်ဆွေဇင်ထိုက်
အနုပညာရှင်

၂၈ ကြိမ်မြောက်ဥရောပရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့မှာအရင်ကျင်းပခဲ့တာဖြစ်ပြီး ရန်ကုန်မှာတော့ Cool War လို့အမည်ပေး ထားတဲ့ ဆုရပိုလန်ဒရာမာဇာတ်ကားအပြင် ဥရောပတဝှမ်း ကရုပ်ရှင်ကား ၂၁ ကိုပြသသွားမှာဖြစ်ပါတယ် ခင်ဗျား။