
0
57




သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးဖို့ အိန္ဒိယ ဥပဒေ ပြင်ဆင်မယ်

လက်ရှိ တည်ဆဲဥပဒေမှာ သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးရေး ပြင်ဆင်ထည့်သွင်းဖို့ အိန္ဒိယ ကက်ဘိနက်က ပြင်ဆင်နေပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့က ဝန်ကြီးချုပ် နရိန္ဒြရာမိုဒီ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ကက်ဘိနက် အစည်းအဝေးမှာ ၂၀၁၂ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမှ ကလေးငယ်သူများကို အကာအကွယ်ပေးရေး အက်ဥပဒေထဲမှာ အချက် ၁၄ ချက် ပြင်ဆင်ထည့်သွင်းဖို့ သဘောတူခဲ့ကြပါတယ်။

ပြင်ဆင်မှုတွေထဲမှာ သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့၊ ကလေးသူငယ်ဆိုင်ရာ လိင်ဖျော်ဖြေရေး ရုပ်သံတွေ တင်သူတွေကိုလည်း ပိုမိုပြင်းထန်တဲ့ ငွေဒဏ်နဲ့ ထောင်ဒဏ်တွေ ချမှတ်ဖို့ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ သက်ငယ် မုဒိမ်းမှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ၊ မုဒိမ်းကျင့် သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး တချို့ အမှုတွေဟာ တစ်နိုင်ငံလုံးကို ဂယက်ရိုက်ခဲ့ပါတယ်။

ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ကက်ဘိနက် အစည်းအဝေးမှာ ၂၀၁၂ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမှ ကလေးငယ်သူများကို အကာအကွယ်ပေးရေး အက်ဥပဒေထဲမှာ အချက် ၁၄ ချက် ပြင်ဆင်ထည့်သွင်းဖို့ သဘောတူခဲ့ကြပါတယ်။