‘ဝ’ စစ္သားနဲ႔ အရပ္သား ၃၉ ဦး နယ္စပ္ကို ျဖတ္ၿပီး ထိုင္းမွာ အေရးေပၚ ေဆးကုသမႈခံယူ

0
118

UWSA ‘ဝ’ တပ္ဖြဲ႔ ထိန္းခ်ဳပ္တဲ့ ျမန္မာနယ္စပ္က ‘ဝ’ စစ္သားနဲ႔ အရပ္သား ၃၉ ဦးဟာ ဇူလိုင္လ ၂၉ ရက္ညက နယ္စပ္ကို ျဖတ္ၿပီး ထိုင္းႏိုင္ငံ၊ မယ္ေဟာင္ေဆာင္ကို ေရာက္ရွိလာကာ ပန္မာဖာ ခ႐ိုင္ေဆး႐ံုမွာ အေရးေပၚ ေဆးကုသမႈ လာေရာက္ခံယူခဲ့ပါတယ္။ ပိုးသတ္ေဆးပါတဲ့ ေရကို ေသာက္မိလို႔ အခုလို ေဆးကုသမႈ လာေရာက္ခံယူတာလို႔ ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

‘ဝ’ ေတြကို ကူညီေထာက္ပံ့မႈေတြ ေပးထားေၾကာင္း ပန္မာဖာ ခ႐ိုင္ေဆး႐ံု အႀကီးအကဲ ဂ်ာရြန္ ဆ႐ြိဳင္ဂ်စ္က မယ္ေဟာင္ေဆာင္ အုပ္ခ်ဳပ္ေရးမွဴး ဆီရီရတ္ ခြ်န္ဖရာခြန္ထံ ဇူလိုင္လ ၃၀ ရက္ေန႔မွာ သတင္းပို႔ထားပါတယ္။ ပထမအသုတ္အျဖစ္ မူးေဝေအာ့အန္တာ၊ သတိလစ္တာေတြ ျဖစ္ေနတဲ့ ‘ဝ’ စစ္သားနဲ႔ အရပ္သား ၁၁ ဦး ည ၁၀ နာရီခြဲမွာ ေဆး႐ံုကို ေရာက္ရွိလာေၾကာင္း၊ ည ၁၁ နာရီ ၁၀ မိနစ္မွာ ေနာက္ထပ္ အမ်ိဳးသား ၃၇ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦး၊ စုစုေပါင္း ၂၈ ဦး ထပ္မံေရာက္ရွိလာေၾကာင္း ေဆး႐ံုအႀကီးအကဲက ေျပာပါတယ္။

ကုန္းျမင့္ပိုင္းရွိ ေဒသခံတခ်ိဳ႕က သူတို႔ စိုက္ခင္းေတြကို ပိုးသတ္ေဆးျဖန္ခဲ့ေၾကာင္း၊ အဲဒီေနာက္ မိုးသည္းထန္စြာ ရြာတဲ့အခါ ပိုးသတ္ေဆးရည္ေတြက ‘ဝ’ ေက်းရြာထဲရွိ ေသာက္ေရကန္ထဲကို ဝင္လာလို႔ အခုလို ျဖစ္ရေၾကာင္း ‘ဝ’ က်န္းမာေရး တာဝန္ခံတစ္ဦးက ထိုင္း က်န္းမာေရးဆိုင္ရာ အရာရွိေတြကို ေျပာပါတယ္။

‘ဝ’ စစ်သားနဲ့ အရပ်သား ၃၉ ဦး နယ်စပ်ကို ဖြတ်ပြီး ထိုင်းမှာ အရေးပေါ် ဆေးကုသမှုခံယူ

UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်တဲ့ မြန်မာနယ်စပ်က ‘ဝ’ စစ်သားနဲ့ အရပ်သား ၃၉ ဦးဟာ ဇူလိုင်လ ၂၉ ရက်ညက နယ်စပ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ကို ရောက်ရှိလာကာ ပန်မာဖာ ခရိုင်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု လာရောက်ခံယူခဲ့ပါတယ်။ ပိုးသတ်ဆေးပါတဲ့ ရေကို သောက်မိလို့ အခုလို ဆေးကုသမှု လာရောက်ခံယူတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။


‘ဝ’ တွေကို ကူညီထောက်ပံ့မှုတွေ ပေးထားကြောင်း ပန်မာဖာ ခရိုင်ဆေးရုံ အကြီးအကဲ ဂျာရွန် ဆရွိုင်ဂျစ်က မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူး ဆီရီရတ် ချွန်ဖရာခွန်ထံ ဇူလိုင်လ ၃၀ ရက်နေ့မှာ သတင်းပို့ထားပါတယ်။ ပထမအသုတ်အဖြစ် မူးဝေအော့အန်တာ၊ သတိလစ်တာတွေ ဖြစ်နေတဲ့ ‘ဝ’ စစ်သားနဲ့ အရပ်သား ၁၁ ဦး ည ၁၀ နာရီခွဲမှာ ဆေးရုံကို ရောက်ရှိလာကြောင်း၊ ည ၁၁ နာရီ ၁၀ မိနစ်မှာ နောက်ထပ် အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၈ ဦး ထပ်မံရောက်ရှိလာကြောင်း ဆေးရုံအကြီးအကဲက ပြောပါတယ်။


ကုန်းမြင့်ပိုင်းရှိ ဒေသခံတချို့က သူတို့ စိုက်ခင်းတွေကို ပိုးသတ်ဆေးဖြန်ခဲ့ကြောင်း၊ အဲဒီနောက် မိုးသည်းထန်စွာ ရွာတဲ့အခါ ပိုးသတ်ဆေးရည်တွေက ‘ဝ’ ကျေးရွာထဲရှိ သောက်ရေကန်ထဲကို ဝင်လာလို့ အခုလို ဖြစ်ရကြောင်း ‘ဝ’ ကျန်းမာရေး တာဝန်ခံတစ်ဦးက ထိုင်း ကျန်းမာရေးဆိုင်ရာ အရာရှိတွေကို ပြောပါတယ်။