ဝါရွင္တန္မွာ ပစ္ခတ္မႈ တစ္ဦးေသ၊ ငါးဦး ဒဏ္ရာရ

0
43

အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ဒီစီၿမိဳ႕မွာ စက္တင္ဘာလ ၁၉ ရက္ေန႔က ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရာ လူတစ္ဦး ေသဆံုးၿပီး ငါးဦး ဒဏ္ရာရသြားခဲ့ပါတယ္။

လမ္းေပၚမွာ ေသနတ္နဲ႔ ပစ္ခတ္သူကို ရဲက ဖမ္းဆီးခဲ့ၿပီး ဘာေၾကာင့္ ပစ္ခတ္တယ္ဆိုတဲ့ အေၾကာင္းရင္းကို မသိေသးဘူးလို႔ ဝါရွင္တန္ၿမိဳ႕ ရဲမွဴးႀကီး စတူးအတ္ အီမာမန္က ေျပာပါတယ္။ မ်က္ျမင္သက္ေသေတြကို စံုေထာက္ေတြက ေမးျမန္းေနၿပီး အနီးဝန္းက်င္က CCTV ကင္မရာေတြကိုလည္း စစ္ေဆးေနပါတယ္။

ဒဏ္ရာရသူ ငါးဦးအနက္ ႏွစ္ဦးက အေျခအေန ဆိုးေၾကာင္း၊ ဒါေပမယ့္ ငါးဦးစလံုး အသက္ရွင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း အီမာမန္က ေျပာပါတယ္။

ဝါရှင်တန်မှာ ပစ်ခတ်မှု တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသွားခဲ့ပါတယ်။

လမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခတ်သူကို ရဲက ဖမ်းဆီးခဲ့ပြီး ဘာကြောင့် ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းရင်းကို မသိသေးဘူးလို့ ဝါရှင်တန်မြို့ ရဲမှူးကြီး စတူးအတ် အီမာမန်က ပြောပါတယ်။ မျက်မြင်သက်သေတွေကို စုံထောက်တွေက မေးမြန်းနေပြီး အနီးဝန်းကျင်က CCTV ကင်မရာတွေကိုလည်း စစ်ဆေးနေပါတယ်။

ဒဏ်ရာရသူ ငါးဦးအနက် နှစ်ဦးက အခြေအနေ ဆိုးကြောင်း၊ ဒါပေမယ့် ငါးဦးစလုံး အသက်ရှင်ဖို့ မျှော်လင့်ကြောင်း အီမာမန်က ပြောပါတယ်။