ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးနဲ႔ ကမာၻ႔ဘဏ္အဖြဲ႔တို႔ ေတြ႔ဆံုေဆြးေႏြး

0
1476

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးနဲ႔ ကမာၻ႔ဘဏ္ (WB) ျမန္မာႏိုင္ငံဆိုင္ရာ ဌာေန ဒါ႐ိုက္တာ မစၥ အယ္လင္ ဂိုးလ္စတိန္း ဦးေဆာင္တဲ့အဖြဲ႔တို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

မေန႔က ႏိုဝင္ဘာလ ၂ ရက္ေန႔ ေနျပည္ေတာ္မွာ ေတြ႔ဆံုပြဲအတြင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရးဝန္ႀကီးဌာနကည ကမာၻ႔ဘဏ္အဖြဲ႔ရဲ႕ IDA ရန္ပုံေငြနဲ႔ ေဆာင္ရြက္မယ့္ ဧရာဝတီတိုင္းနဲ႔ ရွမ္းျပည္နယ္တို႔ရွိ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးေတြနဲ႔ သူတို႔က ေမြးဖြားလာတဲ့ ကေလးငယ္ေတြကို အသက္ ၂ ႏွစ္အထိ ေငြေၾကးေထာက္ပံ့မႈ အစီအစဥ္ေတြ အေကာင္အထည္ေဖာ္ေရး ေဆြးေႏြးခဲ့ပါတယ္။

အဲဒီလို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ ဝန္ႀကီးဌာနရဲ႕ လူမႈကာကြယ္ ေစာင့္ေရွာက္ေရးစနစ္ ပိုမိုထိေရာက္ အားေကာင္းေအာင္ ျပဳလုပ္ႏိုင္ေရး၊ စီမံခ်က္ေဆာင္ရြက္ရာမွာ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြနဲ႔ ပြင့္လင္းျမင္သာမႈ ရွိေစေရးတို႔အတြက္ ေဆာင္ရြက္မယ့္ အစီအမံေတြကိုလည္း ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကမ္ဘာ့ဘဏ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကမ္ဘာ့ဘဏ် (WB) မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ဒါရိုက်တာ မစ္စ အယ်လင် ဂိုးလ်စတိန်း ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မနေ့က နိုဝင်ဘာလ ၂ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံပွဲအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနကည ကမ္ဘာ့ဘဏ်အဖွဲ့ရဲ့ IDA ရန်ပုံငွေနဲ့ ဆောင်ရွက်မယ့် ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သူတို့က မွေးဖွားလာတဲ့ ကလေးငယ်တွေကို အသက် ၂ နှစ်အထိ ငွေကြေးထောက်ပံ့မှု အစီအစဉ်တွေ အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ပါတယ်။

အဲဒီလို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနရဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးစနစ် ပိုမိုထိရောက် အားကောင်းအောင် ပြုလုပ်နိုင်ရေး၊ စီမံချက်ဆောင်ရွက်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ပွင့်လင်းမြင်သာမှု ရှိစေရေးတို့အတွက် ဆောင်ရွက်မယ့် အစီအမံတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။